ဇူလိုင် - ၁၅ ( အင်္ဂါနေ့ )
ကင်မရွန်းသမ္မတ ပေါလ်ဘိုင်ယာ ( ၉၂ နှစ် ) သည် ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံတော်အကြီးအကဲ ဖြစ်ပြီး နိုင်ငံတော်အာဏာကို ၄၃ နှစ် ကြာအောင် ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ယခုအောက်တိုဘာလမှာ ကျင်းပပြုလုပ်မယ့် ကင်မရွန်နိုင်ငံ ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံမယ်လို့လည်း ကြေညာခဲ့ပါတယ်။
တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ၎င်းရဲ့ ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုမှာ သူ့ကို ထောက်ခံတဲ့ လူဦးရေက အများကြီး ရှိသေးတဲ့အတွက်ကြောင့် သူ့ရဲ့ အဋ္ဌမမြောက် သက်တမ်းအတွက် သမ္မတလောင်းအဖြစ် စာရင်းသွင်းလိုက်ပြီလို့ ပြောပါတယ်။
“ကျနော် အနားယူဖို့ စဉ်းစားပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက အများကြီး ကျန်နေသေးတယ်။ အဲ့ဒါကို လုပ်ဖို့ တောင်းဆိုတဲ့ သူတွေက အများကြီး ရှိနေတာကြောင့် ကျနော်ဆက်လုပ်ဖို့အတွက် ဆုံးဖြတ်လိုက်ရတာပါ” လို့ ဆိုပါတယ်။
သူက နောက်ထပ် ခုနစ်နှစ်သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန် မျှော်လင့်ထားသော်လည်း တနင်္ဂနွေနေ့အထိ တရားဝင်မဟုတ်သေးပါဘူး။ အဲ့ဒိညနေပိုင်မှ ထုတ်ပြောတာပါ။ အကယ်၍ ရွေးကောက်ပွဲမှာ သူ အနိုင်ရပါက ဘိုင်ယာသည် အသက် ၁၀၀ နီးပါးအထိ သမ္မတတာဝန်ကို ထမ်းဆောင်နိုင်တဲ့သူ ဖြစ်သွားမှာပါ။
၁၉၈၂ ခုနှစ်ကတည်းက သမ္မတဖြစ်လာတဲ့ ဘိုင်ယာက မဲဆန္ဒရှင်များအပေါ် ခြယ်လှယ်မှု၊ အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားလုပ်မှုနှင့် တိုးတက်များပြားလာနေသော ခေါင်းဆောင်အသစ်အတွက် လမ်းဖယ်ပေးရန် နှုတ်ထွက်ရန် တောင်းဆိုမှုများ ရှိနေသော်လည်း ယုံကြည်ရလောက်သော စွပ်စွဲချက်များ မဟုတ်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲတိုင်းမှာ တစ်ခါမှ မရှုံးခဲ့ပါဘူး။
ပြိုင်ဘက်အများအပြားက ဘိုင်ယာကို စိန်ခေါ်ရန် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများကို ကြေညာခဲ့ပါတယ်။ အိုမင်းရင့်ရော်လာပြီဖြစ်တဲ့ ခေါင်းဆောင်က ၂၀၀၈ ခုနှစ်တွင် သမ္မတ သက်တမ်းကန့်သတ်ချက်များကို ဖျက်သိမ်းခဲ့ပြီး အဲ့ဒိနှစ်မှာပဲ ပြန်လည်ရွေးကောက်ခံခဲ့ပါတယ်။ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင်များက မမှန်မကန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ပြီးခဲ့သောနှစ်မှစပြီး ကင်မရွန်း၏ အုပ်ချုပ်ခံပြည်သူ့ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီမှ အဖွဲ့ဝင်များသည် ဘိုင်ယာ အား နောက်ထပ် သမ္မတသက်တမ်းတစ်ခုရယူရန် လူသိရှင်ကြား တောင်းဆိုခဲ့ကြပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment