ဘင်္ဂလားဒေ့ရှ်တိုက်လေယာဉ် စာသင်ကျောင်းပေါ်ပျက်ကျ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘင်္ဂလားဒေ့ရှ်တိုက်လေယာဉ် စာသင်ကျောင်းပေါ်ပျက်ကျ




ဇူလိုင် - ၂၁ ( တနင်္လာနေ့ ) 

ဘင်္ဂလားဒေ့ရှ် လေတပ်ရဲ့ လေ့ကျင့်ရေး တိုက်လေယာဉ်တစ်စင်းသည် မြို့တော် ဒါကာရှိ စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ တနင်္လာနေ့က ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရက ပြောကြားခဲ့ပါတယ်။ 

မတော်တဆမှုတွင် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး အနည်းဆုံး ၈၃ ဦးသည် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဘင်္ဂလားဒေ့ရှ် ယာယီခေါင်းဆောင် မိုဟာမက် ယူနွတ်စ်ရုံးက ပြောကြားခဲ့တယ်။ 

တရုတ်နိုင်ငံလုပ် F-7 BJI လေယာဉ်သည် ဒီကနေ့ မွန်းလွဲ ၁ နာရီ ၀၆ မိနစ် (၀၇ ၀၆ ဂရင်းနစ်စံတော်ချိန်) တွင် ပျံတက်ခဲ့ပြီး မကြာမီ မိုင်စတုန်းကောလိပ်ကျောင်းဝင်းအတွင်း ပျက်ကျခဲ့ခြင်းဖြစ်ပါတယ်။ မီးသတ်နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများက ဒဏ်ရာရကျောင်းသားများအား ထမ်းစင်များပေါ်တွင် သယ်ဆောင်သွားတဲ့ ဓာတ်ပုံတွေက လိုင်းပေါ်မှာ ပလူပျံသွားပါတယ်။ ယူနွတ်စ်က ၎င်းရဲ့ အိတ်စ်မီဒီယာ မှာ ဤအဖြစ်အပျက်အတွက် "နက်ရှိုင်းစွာ ဝမ်းနည်းကြောင်း နဲ့ ကြေကွဲရပါကြောင်း" ကိုဖော်ပြခဲ့ပါတယ်။ 

“လေတပ်၊ ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမတွေအပြင် Milestone ကျောင်းနဲ့ ကောလိပ်က ဝန်ထမ်းတွေရဲ့ ဒီမတော်တဆမှုမှာ ထိခိုက်ခဲ့တဲ့ တခြားသူတွေရဲ့ ဆုံးရှုံးမှုဟာ အစားထိုးလို့မရပါဘူး။ ဒီအချိန်ဟာ တိုင်းပြည်အတွက် ပြင်းထန်တဲ့ နာကျင်စရာ အခိုက်အတန့်ပါပဲ”လို့   ၎င်းက ရေးတင်ခဲ့ပါတယ်။ 


REF : France 24

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)