မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးများသို့ သံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးများသို့ သံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်


နယူးဒေလီ၊ ဇူလိုင် ၁၅

အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် နယူးဒေလီမြို့၊ Taj Palace ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (၆) ကြိမ်မြောက် ပူးတွဲဦးဆောင်ကော်မတီ (6th Joint Steering Committee – JSC) အစည်းအဝေးနှင့် (၇) ကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့ (7th Joint Working Group – JWG) အစည်းအဝေးတို့ကို  ပါဝင်တက်ရောက်ခဲ့သည်။ 

သံအမတ်ကြီးသည် ဇူလိုင်လ ၁၁ ရက်တွင် ဒုတိယဝန်ကြီး ဦးအေးကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ နယူးဒေလီမြို့အနီး Greater Noida မြို့၌ တည်ရှိသော National Thermal Power Cooperation – NTPC ၏  Technical Research and Training Center နှင့် Solar Hybrid Farm တို့ကိုလည်း  သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)