ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်









ပဲခူး၊ ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိုးစပါး အား ဇူလိုင်လကုန်မတိုင်မီ ထွန်တုံးပိတ်နိုင်ရေး ကြိုးစားဆောင်ရွက်မှသာ လာမည့် ဆောင်းသီးနှံနှင့် နွေ စပါး စိုက်ပျိုးရာသီစက်ဝန်း မှန်ကန်နိုင်မှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် မျိုးစေ့ချကိရိယာ Drum Seeder ဖူလုံမှုရှိစေရေး စိုက်ဧကအပေါ်မူတည်၍ အမှန်တကယ် လိုအပ်သည့် ပမာဏဖြစ်သော မျိုးစေ့ချကိရိယာ Drum Seeder များ အချိန်တိုအတွင်း ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း၊ မိုးရာသီအတွင်း စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို တွန်းအားပေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် အနည်းငယ်သာကျန်ရှိသည့် တစ်သီးစိုက်ဧကများအား သီးထပ်စွမ်းအား တိုးတက်စေရေး နှင့် တောင်သူများ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်စေရေး သီးထပ်စိုက်ပျိုးသွားနိုင်ရေး မြေစမ်းသပ်ခြင်းနှင့်အတူ တောင်သူအသိပညာပေး သရုပ်ပြစံပြစိုက်ခင်းများ စိုက်ပျိုးပြသ ပေးသွားရမှာဖြစ်ကြောင်း၊ ဓါတ်မြေဩဇာအလွန်အကျွံသုံးစွဲမှုအား တားဆီးရန်နှင့် သဘာဝမြေဩဇာနှင့် အချိုးကျတွဲဘက်သုံးစွဲနိုင်ရေး၊ ဘက်ပေါင်းစုံပိုးမွှားကာကွယ်ရေးစနစ်တို့အား ကျင့်သုံးနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးသွားရမှာဖြစ်ကြောင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်စရိတ် လျော့ကျနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီပေးမှသာ ဒေသတွင်း ကုန်ဈေးနှုန်း လျော့ကျလာမှာဖြစ်ကြောင်းနှင့် နောက်အပတ်အစည်းအဝေးတွင် ဆောင်းသီးနှံစိုက်ပျိုးမည့် လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြပေးရန် ပြောကြားခဲ့သည်။

ထို့နောက် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ပဲခူးခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့မှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် မိုးရာသီတွင် စိုက်ပျိုးလျက်ရှိသည့် သီးနှံများအလိုက် လက်ရှိ စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်နှင့် ဒေသတွင်း ဆန်၊ ဆီဖူလုံရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက ခရိုင် အလိုက်တင်ပြချက်များနှင့်ပတ်သက်၍ သုံးသပ်အကြံပြု တင်ပြခဲ့သည်။

ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က သွင်းအားစု ဓါတ်မြေဩဇာရရှိမှုအပေါ်မူတည်၍ မြို့နယ်အလိုက် တောင်သူတစ်ပိုင်တစ်နိုင် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်ကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးစိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင်များနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းအကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)