ရန်ကုန်၊ ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီးရှိ ပို့ကုန်တင်ပို့မှုအတွက် ကြိတ်ခွဲထုတ်လုပ်နေသည့် ခေတ်မီဆန်စက်ကြီးများတွင် ဆိုလာစွမ်းအင် တိုးမြှင့်ထုတ်လုပ် သုံးစွဲနေမှုအခြေအနေများအား ကွင်းဆင်းအားပေး ကြည့်ရှုစစ်ဆေးခြင်းနှင့် ရွှေဝါရောင်ဆန်စက်တွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲခြင်း ဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကို (၂၈-၇-၂၀၂၅)ရက်နေ့တွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများမှ တက်ရောက်သူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆိုလာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပို့ကုန်လုပ်ငန်းအတွက် ကြိတ်ခွဲထုတ်လုပ် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ လုပ်ငန်းတိုးချဲ့မည့် အခြေအနေများ၊ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှု အခြေအနေများ၊ ဆိုလာစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ် သုံးစွဲနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ ရွှေဝါရောင်ဆန်စက်၊ သိုလှောင်ရုံတွင် ဆန်ကြိတ်ခွဲထုတ်လုပ် ပြည်ပတင်ပို့မှုအခြေအနေနှင့် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ် (၅၀၀ကီလိုဝပ်) ထုတ်လုပ်နေသည့် အခြေအနေ၊ ရွှေမနောမြေဆန်စက်၊ သိုလှောင်ရုံနှင့် ဆိပ်ကမ်းတွင် ပြည်ပတင်ပို့မှုအတွက် ကုန်တင်ကုန်ချ မှန်ကန်မြန်ဆန်ချောမွေ့စေရန် ဆိပ်ကမ်းဧရိယာတိုးချဲ့ ဆောင်ရွက်မှု အခြေအနေ၊ မြစိမ်းရောင်စက်မှုဇုန်ရှိ သမာဓိဆန်စက်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ် (၂၀၀ကီလိုဝပ်) ထုတ်လုပ်နေသည့် အခြေအနေများကို အားပေးကြည့်ရှုခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းစီစဉ်မှုဖြင့် ဆန်စက် (၁၄)ခုတွင် ဆိုလာစွမ်းအင်ဖြင့် ၁၈.၄ မဂ္ဂါဝပ်ကို ၂၀၂၅ခုနှစ်-၂၀၂၆ဘဏ္ဍာနှစ်အတွင်း တပ်ဆင်ထုတ်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment