အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် TNLA, DPLA, PDF အဖွဲ့ဝင် ၁၂ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် TNLA, DPLA, PDF အဖွဲ့ဝင် ၁၂ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်












တောင်ကြီး၊ ဇူလိုင် ၂၉

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက် ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter – Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့်နယ်မြေများအား အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်ဝမ်းသာ အားရကြိုဆို ထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာအားပေးထောက်ခံမှုများ၊ ယုံကြည် အားကိုး မှုများဖြင့်  တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက် လာကြကာ  နီးစပ်ရာနယ်မြေခံ တပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ ပြီး ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်းသို့ပြန်လည် ဝင်ရောက်လျက်ရှိရာ ယနေ့  ၂၉-၇-၂၀၂၅ ရက်နေ့တွင် တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် TNLA, DPLA, ဖယ်ခုံ PDFနှင့် ရွာငံ PDF တပ်ဖွဲ့ဝင် စုစုပေါင်း ၁၂ ဦး ဦးတို့သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားယုံကြည်လက်ခံလာခြင်းများကြောင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ကာ မိဘ အုပ်ထိန်းသူများထံကို စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ပြောကြားချက်များအရ ၎င်းတို့သည် အေးချမ်း စွာနေထိုင်လုပ်ကိုင် စားသောက်သူများဖြစ်ပြီးအကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အဖွဲ့သို့ မဝင် ရောက်ပါက မိဘဆွေမျိုးများနှင့်အကျပ်ကိုင်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း ကိုခံခဲ့ရကြောင်း၊   ထို့ပြင်တောတွင်း၌ ပင်ပန်းကြမ်းတမ်းစွာဖြင့် အနေဆင်းရဲ၊ အစားဆင်းရဲနေထိုင်ခဲ့ရ ကြောင်း၊ ၎င်းတို့ အဖွဲ့အတွင်း၌  လက်နက်အားကိုးဖြင့် အထက်အောက် အနိုင်ကျင့်ဗိုလ်ကျ လူမျိုးရေးခွဲခြားဆက်ဆံခံ ရခြင်း၊ အဆင့်အတန်းခွဲခြားဆက်ဆံခံရခြင်းများရှိကြောင်း၊တပ်မတော်၏အကြမ်းဖက်ချေမှုန်းမှု စစ်ဆင် ရေး(Counter– Terrorism Operation)များ ဆင်နွှဲမှုတွင် အကျအဆုံးများပြားလာသဖြင့် ခုခံနိုင်ခြင်း မရှိတော့၍ ဆက်လက်တိုက်ခိုက်လိုခြင်းမရှိခြင်းကြောင့် အသက်ရှင် သန်ရေးအတွက် အခက်အခဲဒုက္ခ မျိုးစုံကြားမှ ထွက်ပြေးတိမ်းရှောင်နေရခြင်းများကြောင့် စိတ်ဓာတ်များကျဆင်းလာခြင်း၊ အကြမ်းဖက် သမားများ၏  လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူများအတွက် လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာ သည်ကို သိရှိနားလည်လာခြင်း၊မိသားစုများနှင့်အတူ ယခင်ကဲ့သို့ နွေးနွေးထွေးထွေး ပြန်လည်နေ ထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာခြင်း တို့ကြောင့် ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည်စွန့်ခွာလာပြီး နီးစပ်ရာတပ်မတော်စခန်းများမှ တစ်ဆင့်  ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များအား  နွေးထွေးစွာ ပြန်လည်ကြိုဆိုလက်ခံ၍  လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများ အနေ ဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်း ပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ အတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း  သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)