ဒါကာ၊ ဇူလိုင် ၂၈
တရုတ်နိုင်ငံ ဝူဟန့် တတိယဆေးရုံမှ ဆေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှ ဒဏ်ရာရရှိသူအား ဘင်္ဂလားဒေ့ရှ် မီးလောင်ဒဏ်ရာနှင့် ရုပ်ပြင်ခွဲစိတ်ကုသမှုပညာ အင်စတီကျု (Bangladesh Institute of Burns and Plastic Surgery) တွင် ဇူလိုင် ၂၆ ရက်၌ ဆက်လက်ကုသပေးခဲ့ကြသည်။
ဆရာဝန်များနှင့် သူနာပြုများသည် ဒဏ်ရာရလူနာအား ဒဏ်ရာကို ရောဂါကူးစက်မှုမှ ကာကွယ်ခြင်းနှင့်စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်ဆရာဝန်များအား အကြံဉာဏ်များနှင့် လူနာအား စောင့်ရှောက်ရေးနည်းလမ်းများကို ပေးအပ်ခြင်း၊ လူနာ၏ အခြေအနေများအား စစ်ဆေးခြင်း၊ ခွဲစိတ်ကုသမှုများ၌ ပါဝင်ခြင်း၊ ဒဏ်ရာများသန့်စင်ပေးရေးနှင့် အနာဆေးထည့်ပတ်တီးစည်းပေးရေး၌ ကူညီလုပ်ဆောင်ပေးခြင်း၊ သွေလွှတ်ကြောပေါက်မှုများကိုလည်း ကူညီဆောင်ရွက်ပေးခြင်းများ စသည့်လုပ်ငန်းစဉ်များကို ဇူလိုင် ၂၆ ရက်က လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆေးအဖွဲ့သည် စင်ကာပူနှင့် အိန္ဒိယမှ ဆေးအဖွဲ့များ အပါအဝင် ဘင်္ဂလားဒေ့ရှ်ဆရာဝန်များနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများလည်း လုပ်ဆောင်ခဲ့ကြသည်။
တရုတ်ဆေးအဖွဲ့ ခေါင်းဆောင် လျိုစူးဟွာက ၎င်းတို့အဖွဲ့သည် ဒဏ်ရာရသူအား ကုသရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းအား ပံ့ပိုးကူညီနိုင်သမျှအရာအားလုံး လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ အရေးပေါ်ဆေးဝါးကူညီရေးပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဒါကာမြို့တွင် ဇူလိုင် ၂၆ ရက်က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးနှင့် မိသာစုဘဝဖူလုံရေးဝန်ကြီးဌာန အတွင်းဝန် Md Saidur Rahman အပါအဝင် အခြားတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆရာဝန်များ တက်ရောက်ခဲ့ကြသည်။
ထိုဆေးဝါးကူညီရေးပစ္စည်းများတွင် လိုအပ်သောဆေးဝါးများနှင့် ခွဲစိတ်ခန်းသုံးကိရိယာများ အမျိုးအစား ၂,၀၀၀ ကျော် ပါဝင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာရုံးနှင့် ဝူဟန့် တတိယဆေးရုံတို့က ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးဝါးများသည် ဘင်္ဂလားဒေ့ရှ်ဘက်၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံဘက်က အရေးပေါ် ပေးပို့ခဲ့ခြင်းဖြစ်ကာ တာဝန်သိနိုင်ငံကြီးတစ်နိုင်ငံအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား အချင်းချင်း ကူညီရိုင်းပင်းခြင်းနှင့် ကောင်းတူဆိုးဖက် အတူတကွရပ်တည်မည်ဟူသော နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုအဖြစ်လည်းကောင်း တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ကို ရောင်ပြန်ဟပ်ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း ယောင်က ယင်းအခမ်းအနား၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လိုအပ်ချက်များပေါ် အခြေခံ၍ တတ်စွမ်းနိုင်သမျှ အကူအညီများ ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost




No comments:
Post a Comment