ဇူလိုင် - ၂၈ ( တနင်္လာနေ့ )
အပူချိန်က ဂရိနိုင်ငံမှာ ၁၁၁.၂ ဒီဂရီ နဲ့ တူရကီမှာ ၁၂၂.၉ ဒီဂရီအထိ မြင့်တက်နေသဖြင့် ခရီးသွားရာသီကာလအတွင်းမှာ အပူရှိန် နဲ့ လေပြင်းကြောင့် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေပါတယ်။
တူရကီနိုင်ငံ ကာရာဘက်ပြည်နယ်တွင် မီးသတ်သမားများက မီးငြှိမ်းသတ်နေသည်မှာ လေးရက်ရှိနေပြီး အီစကီရှီယား တွင် ဗုဒ္ဓဟူးနေ့က တောမီးကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်းသိရပါတယ်။
တူရကီ သစ်တောရေးရာဝန်ကြီး အီဘရာဟင် ယူမက်လီ က မီးဘေးသင့်ဒေသများသည် အန္တရာယ်ရှိသောအချိန်များကို ဖြတ်သန်းနေရပြီး ၎င်းတို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့က ရက်အတော်ကြာမယ် လို့ မနေ့က ပြောပါတယ်။ တူရကီအနောက်ဘက်ကမ်းရိုးတန်းရှိ ဆက်မီး အပန်းဖြေစခန်းအပါအဝင် ဒေသတွင်းနေရာတော်တော်များများမှာ အရေးပေါ်အခြေအနေအတွက် ရေသုံးစွဲမှုအချို့ကို ဒေသအာဏာပိုင်များက ကန့်သတ်ထားပါတယ်။
ဂရိနိုင်ငံမှာလည်း ပြင်းထန်သော အပူချိန်များ ဆက်လက်ဖြစ်ပေါ်နေသဖြင့် တောမီးကြီးငါးခုကို ရင်ဆိုင် နေရပါတယ်။ နိုင်ငံ၏ ဒေသ ၁၁ ခုမှာ မီးလောင်မှုအန္တရာယ်အလွန်မြင့်မားနေပါတယ်။ ဂရိနိုင်ငံသည် မီးငြှိမ်းသတ်လေယာဉ် ခြောက်စီးအတွက် ဥရောပသမဂ္ဂ မြို့ပြကာကွယ်ရေးယန္တရားထံ အကူအညီ တောင်းခံထားပါတယ်။
ကိုင်သီယား နဲ့ အီးဗီးယား ကျွန်းများတွင် အဓိက မီးလောင်ကျွမ်းမှု နှစ်ခုဖြစ်နေပါတယ်။ ခရီးသွားများအကြား ရေပန်းစားသော ကိုင်သီယားကျွန်းသည် ပီလိုပွန်းနီးစ် ကျွန်းဆွယ်၏ အစွန်းဖျားတွင်ရှိပြီး အီဗီယား သည် အေသင်မြို့၏ အရှေ့မြောက်ဘက်ရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုများအား ထိန်းချုပ်နိုင်ရန် မီးသတ်သမားများသည် ရုန်းကန်နေရဆဲဖြစ်ကြောင်း ဂရိမီးသတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ အဲ့ဒိကျွန်းတွေရဲ့ ၂၀ % က တောမီးရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment