တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် ထောင်ချောက်ဆင်ဖမ်းဆီးခြင်း လုံးဝမရှိ၊ လုပ်ကြံဖန်တီးရေးသားခြင်းဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် ထောင်ချောက်ဆင်ဖမ်းဆီးခြင်း လုံးဝမရှိ၊ လုပ်ကြံဖန်တီးရေးသားခြင်းဖြစ်ကြောင်း သိရ


ရန်ကုန်၊ ဇူလိုင် ၂၈

ပြည်ပြေး၊ ဝရမ်းပြေး ခေတ်သစ်မီဒီယာမှ "တောင်ဥက္ကလာပ ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဝင်းနှင့်အဖွဲ့က လူငယ်များကို မူးယစ်ဆေးဝါးဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးပြီး စစ်မှုထမ်း လူအစားထိုး အရောင်းအဝယ်လုပ်နေ၊ ရပ်ကွက်ရုံးတွင် အချုပ်ခန်းပုံစံ ပြုလုပ်၍ လူငယ်များကို ဖမ်းထား" ကြောင်း ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းရာ ထိုသို့ ဖမ်းဆီးခြင်းမျိုး လုံးဝမရှိဘဲ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူတစ်ဦးက "မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဖမ်းဆီးတာတွေ ရှိတယ်။ ခေတ်သစ်မီဒီယာက ရေးသားထားတဲ့ ဖြစ်စဉ်မျိုးက မရှိပါဘူး။ တချို့ လူငယ်တွေ မူးယစ်ဆေးဝါး ၁ပြား၊ ၂ပြား နဲ့ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်မျိုး ရှိဖူးတယ်။ မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံပြီး ဆုံးမပေးခဲ့တဲ့ ဖြစ်စဉ်မျိုး တစ်ခု၊ နှစ်ခု ရှိခဲ့တယ်။ အဲဒါလည်း ၁၀ ရပ်ကွက်မှာ ဖြစ်တာမဟုတ်ဘူး။" ဟု ရှင်းလင်း ပြောဆိုသည်။

ပြည်ဖျက်မီဒီယာ၏ ရေးသားဖော်ပြမှုတွင် "ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှ အမှတ် ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဝင်း နှင့်ပျူစောထီးအဖွဲ့က လူငယ်များကို ဖမ်း ဆီးပြီး စစ်မှုထမ်းအစားထိုးလိုအပ်နေသူများနှင့် စစ်မှုထမ်းအစားထိုးလိုအပ်နေသည့် မြို့နယ်များအားလုံးသို့ ငွေကြေးရယူ အရောင်းအဝယ်လုပ်နေကြောင်း အဆိုပါ လူအရောင်းအဝယ်ကိစ္စကို တိုင်ကြားလာသော ဒေသပြည်သူတချို့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။" ဟု လီဆည်ဖန်တီး ရေးသားထားသည်ကို တွေ့ရသည်။

တာဝန်ရှိသူက "ဒီသတင်းကတော့ မဟုတ်မမှန် ဖန်တီးရေးသားမှု သက်သက်သာ ဖြစ်ပါတယ်။ ဒါကို အခိုင်အမာ ပြောနိုင်ပါတယ်။ ဒီ ပြည်ပြေး၊ ဝရမ်းပြေး မီဒီယာဆိုတာတွေရဲ့ သဘောကိုလည်း အားလုံးသိထားပြီးသားပဲ။ အဲဒီလို မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားမှုတွေကြောင့် အများပြည်သူနဲ့ အစိုးရကြားမှာ အထင်လွဲမှားမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒီကိစ္စကတော့ လုံးဝကို အမှားပါ" ဟု ပြောသည်။

အကြမ်းဖက်လှုံ့ဆော်မှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည့် ခေတ်သစ် မီဒီယာကို ဦးဆောင်သူ သာဇွန်ဇောင်းထက် မှာ ဝရမ်းထုတ်ခံရပြီးနောက် ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားပြီး ပြည်ပမှ မဟုတ်မမှန်သတင်းများ စဉ်ဆက်မပြတ် ရေးသားဖြန့်ဝေလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)