တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားအဖွဲ့များအား တွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားအဖွဲ့များအား တွေ့ဆုံအားပေး






ပုသိမ်၊ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့က ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားအဖွဲ့များအား  သွားရောက် တွေ့ဆုံအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကိုးသိန်းအားကစားကွင်းထမင်းစားဆောင်သို့သွားရောက်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားအဖွဲ့များမှ အားကစားသမားများအား နေ့လယ်စာကျွေးမွေးနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား  ဆန်၊ ဆီ၊ အသား၊ငါး ဈေးနှုန်းသက်သာစေရန် စီမံပေးထားသဖြင့် အမယ်နှုန်းထားများ ပိုမိုကျွေးမွေးရန်၊  ထမင်းစားဆောင်သန့်ရှင်းသပ်ရပ်ရေး အလေးထားဆောင်ရွက်ရန်၊  အားဖြည့်စာများကျွေးမွေးနိုင်ရေးဆောင်ရွက်ထားရန်၊ သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများ ချတ်ပြုတ်ကျွေးမွေးစေရေးနှင့် အားကစားသမားများအတွက် နေ့စဉ်တည်းခိုနေထိုင်စားသောက်ရာတွင် လိုအပ်ချက် မရှိအောင်စီစဉ်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်ထောင်စုနယ်‌မြေနေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသား၊ အမျိုးသမီးအသင်းများအား တွေ့ဆုံအားပေးခဲ့ပြီး အားကစားသမားများအတွက် နေထိုင်စားသောက်ရေးကိစ္စများအဆင်ပြေစေရေးဆောင်ရွက်ပေးထားပါကြောင်း၊ ကျန်းမာရေးဂရုစိုက်နေထိုင်ရန်၊ ပြိုင်ပွဲများတွင် အနိုင်ရရှိရေးအတွက် အားသွန်ခွန်စိုက်လေ့ကျင့်ရန်၊ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ရန်၊ အားကစားသမားအချင်းချင်း ညီညီညွတ်ညွတ်စုစုစည်းစည်းဖြင့်နေထိုင်ကြရန်၊ အခက်အခဲများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ(၂)သို့ သွားရောက်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားအဖွဲ့များလေ့ကျင့်ရန်အတွက်ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများလေ့ကျင့်ရာတွင်အဆင်ပြေစေရေး၊ လိုအပ်ချက်များမရှိစေရေးပြင်ဆင်ထားရှိရန်မှာကြားခဲ့ပြီး အကစားအဖွဲ့များ၏ သတ်မှတ်အချိန်များအတိုင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယခုလ ၃၀ ရက်နေ့မှ ၇.၈.၂၀၂၅ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)