ရန်ကုန်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံပြိုင်ပွဲနှင့် အာရှခြေစစ်ပွဲများအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းအတွက် ဂျပန်အမျိုးသမီး နည်းပြတစ်ဦးကို ဇူလိုင် ၁၄ ရက်က တရားဝင်ခန့်အပ်လိုက်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်း နည်းပြချုပ်အဖြစ် အသက် ၄၅ နှစ်အရွယ် Ms. Kumiko Tashiro ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
Ms. Kumiko Tashiro သည် ကစားသမားဘဝတွင် Urawa Red Diamonds, Saitama Reinas စသည့် ကလပ်များတွင် နောက်တန်းကစားသမားအဖြစ် ကစားခဲ့သည်။
နည်းပြဘဝတွင် JFA Pro license ရ နည်းပြတစ်ဦးဖြစ်ပြီး Urawa Red Diamonds အသင်း အပါအဝင် ဂျပန်အမျိုးသမီး ကလပ်များ၊ လူငယ်အသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်သည်။
နည်းပြချုပ် Ms. Kumiko Tashiro အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းကို အာရှခြေစစ်ပွဲနှင့် အာဆီယံပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ဦးဆောင်ရမည် ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment