မနေ့က လေကြောင်း တိုက်ခိုက်မှုက နည်းပညာ အမှားပါလို့ အစ္စရေး စစ်တပ်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မနေ့က လေကြောင်း တိုက်ခိုက်မှုက နည်းပညာ အမှားပါလို့ အစ္စရေး စစ်တပ်ဆို




ဇူလိုင် - ၁၄ ( တနင်္လာနေ့ ) 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ဒုက္ခသည်စခန်းအနီး ရေဖြည့်ရန် စောင့်ဆိုင်းနေသည့် ကလေးခြောက်ဦး အပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှု ဝန်ထမ်းများက ပြောကြားခဲ့ပါတယ်။ 

သေဆုံးသူများရဲ့ ရုပ်အလောင်းများကို နူဆီရတ် အယ်အာဒါ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကလေးငယ် ခုနစ်ဦး အပါအဝင် အခြား လူ ၁၆ ဦးအား ကုသပေးခဲ့ကြောင်း အဆိုပါ ဆေးရုံမှ ဆရာဝန်တစ်ဦးက  BBC သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ 

နူဆီရတ် မူလတန်းကျောင်း အနီး ပေ ၂၆၀ အကွာတွင် ရပ်ထားသော သောက်သုံးရေတင်ကားတစ်စီး ဘေးရှိ အဝါရောင်ဗူး အလွတ်များနဲ့ တန်းစီနေတဲ့ လူအုပ်ကို ဒရုန်းတစ်စီးက ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေများက ဆိုပါတယ်။  အစ္စလာမ္မစ် ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေဆိုပြီး အဲ့ဒိနေရာကို ရည်ရွယ်ပြီး ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာက နည်းပညာဆိုင်ရာ အမှားအယွင်းတစ်ခုပါလို့ အစ္စရေးစစ်တပ်က ဝန်ခံခဲ့ပါတယ်။ အမှားအယွင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

IDF က "ဧရိယာအတွင်း အသေအပျောက်များမှုနှင့် ပတ်သက်၍ တောင်းဆိုချက်" ကို အသိအမှတ်ပြုခဲ့ပြီး အရပ်သား သေဆုံးမှု တတ်နိုင်သမျှ အပြည့်အဝ လျှော့ချရန် လုပ်ဆောင်နေကြောင်း၊ ၎င်းသည် "ပါဝင်ပတ်သက်ခြင်းမရှိသော အရပ်သားများကို ထိခိုက်မှု တစ်စုံတစ်ရာအတွက် နောင်တရမိပါတယ်" လို့ ထုတ်ပြန်ပါတယ်။ 

မကြာသေးမီရက်သတ္တပတ်များအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု အရေအတွက် တိုးလာနေချိန်မှာ အခုလိုဖြစ်ရပ် ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ဂါဇာကမ်းမြောင်အလယ်ပိုင်းနှင့် ဂါဇာစီးတီးရှိ လူနေအဆောက်အအုံများကို သီးခြား လေကြောင်းတိုက်ခိုက်မှု သုံးခုပြုလုပ်ခဲ့ရာ အခြားပါလက်စတိုင်း ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာ၏အရပ်ဘက်ကာကွယ်ရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။  တနင်္ဂနွေနေ့တွင် နောက်ထပ်တိုက်ခိုက်မှု တစ်ခုတွင် အနည်းဆုံး လူကိုးဦးသေဆုံးပြီး စနေနေ့က ထောက်ပံ့ရေးဖြန့်ဝေသည့် နေရာအနီးတွင် အနည်းဆုံး လူ ၃၁ ဦး ပစ်ခတ်ခံခဲ့ရပါတယ်။ အစ္စရေး - ဟားမတ် စစ်ပွဲ ဖြစ်ခဲ့တဲ့ အချိန်ကနေ ယနေ့အချိန်အထိ ပါလက်စတိုင်း ၅၈၀၀၀ ကျော် သေဆုံး ခဲ့ပါပြီ။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)