ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်




‎ပင်းတယ၊ ဇူလိုင် ၁၄

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာ ယနေ့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဘေးအန္တရာယ်များဖြစ်ပွားမှုနှုန်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတာကို တွေ့ရမှာဖြစ်ပြီး၊ ဒီလိုဖြစ်ပေါ်လာခြင်းက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ ရလဒ်ကြောင့်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်တားဆီးလို့မရပေမဲ့ ဘေးအန္တရာယ်ဖြစ်ပွားချိန်မှာ ထိခိုက်ပျက်စီးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ထားဖို့လိုပါကြောင်း၊ ဘေးအန္တရာယ်ကို ရှောင်လွဲနိုင်မည့်နည်းလမ်းများကို သိရှိနားလည်စေခြင်းနှင့် ယခုလိုသဘာဝဘေးဖြစ်ပွားခဲ့ပြီး ပြည်သူများ အခက်အခဲဖြစ်ပေါ်နေချိန်တွင် လတ်တလောသက်သာချောင်ချိမှု ရရှိစေရေးအတွက် အထောက်အပံ့ပေးပါသော အမျိုးသားသဘာဝဘေးရန်ပုံငွေမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာများ ခွဲဝေချထားပေးပါသော နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါကြောင်း စသည့်ဖြင့် ပြောကြားပေးသည်။

‎ဆက်လက်၍ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရပြီး၊ ယနေ့တွင် အမျိုးသားသဘာဝဘေးရန်ပုံငွေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၅၀)သိန်းသုံးသောင်းနှင့်နေအိမ်(၂၃၆)လုံးမှ လူဦးရေ(၈၀၅) ဦးအတွက် ဆန်ရိက္ခာ (၂၅၁)အိတ်၊ (၁၃)ပြည်၊(၄)ဘူးတို့ကို ထောက်ပံ့ပေးခဲ့ကြောင့် သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက လိုအပ်ချက်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


‎အောင်ကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)