အောင်ကိုမိုး ရုံးထုတ်တွင် လိုပြသက်သေများ စစ်ဆေးပြီး စွဲချက် တင်သင့်/ မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်ကိုမိုး ရုံးထုတ်တွင် လိုပြသက်သေများ စစ်ဆေးပြီး စွဲချက် တင်သင့်/ မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေး



နေပြည်တော်၊ ဇူလိုင် ၂၉

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ MICC-2 တွင် ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားခဲ့သော ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားရာ ယနေ့ ၂၉-၇-၂၀၂၅ ရက်နေ့တွင် လိုပြသက်သေများ ဆက်လက်စစ်ဆေးပြီး စွဲချက် တင်သင့်/ မတင်သင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ တရားခွင်အခြေအနေနှင့် ပတ်သက်၍ လိုပြသက်သေတွင် ပါဝင်သူတစ်ဦး က "ဒီနေ့က လိုပြသက်သေမှာ ပါဝင်တဲ့ ဆရာတော် (၃)ပါး ဆက်လက်စစ်ဆေးတယ်။ ဆရာတော် ဦးပညာကို စစ်ဆေးတဲ့အချိန်မှာတော့ ဆရာတော်က အောင်ကိုမိုးဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဦးခေါင်းတော်ကို တုတ်ထိုးလာပုံ၊ မဖွယ်မရာဖြစ်စေရန် နားကပ်ပန်ပေးထားပုံ၊ အောက်ကိုမိုးဝတ်စားထားတဲ့ အဝါရောင်ဝတ်စုံနဲ့ သံဃာတော်တွေလို ပျက်ရယ်ပြုစော်ကားမှုကို ပေါ်လွင်အောင် ဝတ်စားပုံကိုပါ သရုပ်ပြပြီး ထွက်ဆိုခဲ့တယ်။ နောက်ပြီးတော့ အောင်ကိုမိုး က The Celebrity News မှာ - မိုးရဲ့ အကယ်ဒမီဖက်ရှင်က အင်းဝခေတ် မင်းသားမင်းသမီးတွေရဲ့ပုံကို ဖန်တီးထား တာပါ။ ဘုရားရဲ့ ဦးခေါင်းနဲ့ တူတယ်ပြော ကြတော့ အရမ်းလန့်သွားခဲ့ တယ်ပေါ့နော်….။ လေ့လာမှု အားနည်းကြ တယ်လိုပဲ ပြောရမှာပါ " ဆိုတဲ့ သရုပ်ဆောင် အောင်ကို မိုး လို့ပြောထားတာကိုလည်း သက်သေတင်သွင်းပါတယ်။ အောင်ကိုမိုးရဲ့ ရှေ့နေကလည်း အကယ်ဒမီပေးပွဲ ရုပ်သံကို သက်သေတင်ဖို့ ကြိုးစားတယ်။ ဒီဘက်ရှေ့နေကတော့ ဥပဒေပုဒ်မတွေနဲ့ ထောက်ထားတင်ပြပြီး ကန့်ကွက်တာမျိုး ရှိတယ်။" ဟု ပြောဆိုသည်။

ဆရာတော် ဦးပညာ က "အောင်ကိုမိုး ရှေ့နေက အောင်ကိုမိုး ကို ကယ်တင်ရာမရောက်ဘဲနဲ့ တွန်းချနေသလို ဖြစ်နေတယ်။ တရားသူကြီးကိုတောင် သူတင်ပြတဲ့ သက်သေကို လက်မခံလို့ မချေမငံပြောသွားတာမျိုး တွေ့ရတယ်။" ဟု ပြောသည်။

လိုပြသက်သေများ စစ်ဆေးပြီးနောက် နှစ်ဖက်ရှေ့နေများကို တရားသူကြီးက စွဲချက်တင်သင့် /မသင်တင့် လျှောက်လဲချက်ပေးစေခဲ့ကြောင်း၊ လာမည့် ရုံးချိန်းတွင် တရားသူကြီးက စွဲချက်အမိန့် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ရုံးချိန်းကို နေပြည်တော် အမျိုးသားရေးအဖွဲ့မှ လာရောက်ဝန်းရံခဲ့ကြပြီး လာမည့်ရုံးချိန်းကို ၅-၈-၂၀၂၅ ရက်နေ့ ချိန်းဆိုလိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)