အောင်မြေသာစံမြို့နယ်တွင် ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း (၅၀) နှင့် သီလရှင်ကျောင်း (၅၀) အား ဗီယက်နမ်ဆရာတော်နှင့်အလှူရှင်အဖွဲ့က အလှူငွေများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်မြေသာစံမြို့နယ်တွင် ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း (၅၀) နှင့် သီလရှင်ကျောင်း (၅၀) အား ဗီယက်နမ်ဆရာတော်နှင့်အလှူရှင်အဖွဲ့က အလှူငွေများ ဆက်ကပ်လှူဒါန်း



အောင်မြေသာစံ  ၊ ဇူလိုင် ၇


ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၀)၊ ရမ္မာဝတီလမ်း၊ မဟာပုညဝိဟာရကျောင်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အရှင်ဝိမလ၊ က‌နေဒါနိုင်ငံ Trae Lam Tay Thein ဘုန်းတော်ကြီးကျောင်းဆရာတော် HT. Thich Thein Tamq နှင့် ဗီယက်နမ်ဆရာတော် ၄ ပါး၊ သီလရှင် ၂ ပါးနှင့်အလှူရှင်များအဖွဲ့သည် ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၂လမ်း၊ လမ်း၂၀ရှိ ခင်မကန်တိုက်၊ မဟာဝိဇယာရာမ ခင်မကန်ဓမ္မဗိမာန်တော်ကြီးတွင် နန်းတော်ရှေ့ရှိ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း (၅၀) သို့ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။


အစီအစဉ်အရ ဗီယက်နမ်ဆရာတော်များအဖွဲ့သည် မဟာဝိဇိယာရာမ ခင်မကန်တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုဇနအမှူးပြုသော ပင့်သံဃာအပါး ၅၀ တို့အား တွေ့ဆုံဖူးမြော်ကန်တော့ကြပြီး ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းရခြင်းအကြောင်း လျှောက်ထားကာ ကျောင်းထိုင်ဆရာတော်တစ်ပါးလျှင် အလှူငွေငါးသိန်းကျပ်နှုန်းဖြင့်စုစုပေါင်း အလှူငွေကျပ်သိန်း (၂၅၀) အား လှူဒါန်းဆက်ကပ်ကြသည်။ ထို့နောက် သံဃာတော်များက အလှူရှင်များအား မေတ္တာသုတ်ရွတ်ဖတ်ဆုတောင်းပေးကြသည်။


ဆက်လက်၍ အလှူရှင်ဗီယက်နမ်ဆရာတော်များနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကမ္ဘောဇဝါဒီသီလရှင်ကျောင်းတိုက်တွင် ငလျင်ဒဏ်သင့်သီလရှင်ကျောင်း (၅၀) မှ သီလရှင်ဆရာကြီးများအား တစ်ကျောင်းလျှင် ငွေကျပ်ငါးသိန်းစီ၊ စုစုပေါင်းအလှူငွေကျပ်သိန်း (၂၅၀) ကိုလည်း အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလှူရှင်ဗီယက်နမ်ဆရာတော်များနှင့်အဖွဲ့သည် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတောင် ဆုတောင်းပြည့်မြတ်စွာဘုရား၊ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့်အတုမရှိကျောင်းတော်ကြီးရှိ စူဠာမုနိရုပ်ရှင်တော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)