စစ်ဖြစ်ရင် ဘယ်ဘက်မှာ နေမှာလဲလို့ ပင်တာဂွန် က ဂျပန်နဲ့ ဩစတေးလျှကိုမေးပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ဖြစ်ရင် ဘယ်ဘက်မှာ နေမှာလဲလို့ ပင်တာဂွန် က ဂျပန်နဲ့ ဩစတေးလျှကိုမေးပြီ


ဇူလိုင် - ၁၄ ( တနင်္လာနေ့ ) 

အမေရိကန်စစ်ဌာချုပ် ပင်တဂွန်က အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်မဟာမိတ်များဖြစ်တဲ့ ဂျပန်၊ သြစတြေးလျ နဲ့ ထိုင်ဝမ်တို့ကို စစ်ပွဲအတွင်း ၎င်းတို့၏ ရပ်တည်ချက်များကို ရှင်းလင်းရန် ဖိအားပေးနေကြောင်း Financial Times သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ပါတယ်။ 

တရုတ်ဘေဂျင်းအစိုးရက ထိုင်ဝမ်သည် ၎င်းရဲ့ ပိုင်နက်တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်တစ်ပြည်ထောင်မူအရ ရှုမြင်ကာ နောက်ဆုံးတွင် ပြန်လည်ပေါင်းစည်းရေးကို တောင်းဆိုထားပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းစုအပေါ် တရုတ်၏ အချုပ်အခြာအာဏာကို အမေရိကန်က တရားဝင် အသိအမှတ်ပြုထားပေမဲ့လည်း ထိုင်ဝမ်ရဲ့ တိုင်ပေအစိုးရကို လက်နက်များ ဆက်လက် ထောက်ပံ့နေဆဲဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်ဘရစ်ချ်ကိုဘီ က ဖြစ်နိုင်ချေရှိသော ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်ရန် ဂျပန်နှင့် သြစတြေးလျက စစ်ဘက်အရာရှိများအား လပေါင်းများစွာ တွန်းအားပေး နေခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်များကို ကိုးကားပြီး သတင်းဌာနက ဖော်ပြခဲ့တာပါ။  

ကိုဘီရဲ့အဆိုအရ ကာကွယ်ရေးဌာနသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ “အဟန့်အတားများကို ပြန်လည်တည်ဆောက်ရန်နှင့် ခွန်အားဖြင့် ငြိမ်းချမ်းရေးရရှိရန်” အစီအစဉ်အပေါ် အာရုံစိုက်နေတယ်လို့ သိရပါတယ်။ “[ဝါရှင်တန်၏] မဟာမိတ်များထဲမှ အချို့သည် ပွင့်ပွင့်လင်းလင်း ပြောဆိုမှုများကို ကြိုဆိုလိမ့်မည်မဟုတ်” လို့ သူ့ရဲ့ အိစ် ဆိုရှယ် မီဒီယာ အကောင့် မှာ စနေနေ့က ရေးသားခဲ့ပါတယ်။ 

သြစတြေးလျ ကာကွယ်ရေး ဝန်ကြီး ပတ်ကွန်ရွိုင်းက တရုတ်နိုင်ငံအပေါ် အမေရိကန်၏ ဖိအားပေးမှု အစီရင်ခံစာများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုသောအခါ ပါဝင်ရန် ငြင်းဆိုခဲ့ပါတယ်။ ကင်ဘာရာတွင် “ဩစတြေးလျကို စစ်တိုက်ဖို့ ဒါမှမဟုတ်  ဩစတေးလျှပိုင် နယ်မြေများကို ပဋိပက္ခတစ်ခုအတွက် အသုံးပြုခွင့်ပေးရန် အစီအစဉ် မရှိဘူး” လို့ ၎င်းက အင်တာဗျူး တစ်ခုမှာ ပြောသွားပါတယ်။ 

ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို လိုလားတဲ့ သမ္မတ လိုင်ကျင်းတီကို ပြီးခဲ့သောနှစ်တွင် ရွေးကောက်တင်မြှောက် ပြီးနောက် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။ ထရမ့်နှင့် ဘေဂျင်းတို့သည် ရှားရှားပါးပါး သဘောတူညီချက်တစ်ရပ်ကို ပြီးခဲ့သည့်လက ပြေလည်သွားပြီးနောက် ထရမ့်က တရုတ်ကို ကုန်သွယ်ရေးစစ်ပွဲတွင် ပြန်လည်စေ့စပ်ခဲ့ကြပြီး တင်းမာမှုမှာ အနည်းငယ် သက်သာသွားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)