နယူယောက်ခ်တိုင်းမ် သတင်းဌာနကို ရုရှား ဝါဒဖြန့်ချိတယ်ဆိုပြီး ယူကရိန်းစွပ်စွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယူယောက်ခ်တိုင်းမ် သတင်းဌာနကို ရုရှား ဝါဒဖြန့်ချိတယ်ဆိုပြီး ယူကရိန်းစွပ်စွဲ


ဇူလိုင် - ၁၄ ( တနင်္လာနေ့ ) 

ယူကရိန်းတပ်များရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ရုရှားနိုင်ငံ၊ ကာ့စ် ဒေသမှ သတင်းထောက်တစ်ဦးက ပေးပို့ တဲ့ သတင်းကို ဖော်ပြပြီးနောက် အမေရိကန်က New York Times သတင်းစာကို ရုရှား ဝါဒဖြန့်ချိရေး မြှင့်တင်နေကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲလိုက်ပါတယ်။ 

ယူကရိန်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေသော ကာ့စ် ဒေသက သတင်းထောက်နှင့် ဓာတ်ပုံဆရာ နန်နာဟစ်တ်မန်းရဲ့ ဘဝအကြောင်းကို နယူယောက်ခ် တိုင်းမ်းက ဇူလိုင်လ ၁၂ ရက်နေ့ ဖော်ပြခဲ့ပါတယ်။ ၂၀၂၄ ဩဂုတ်လက  ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ နိုင်ငံတကာအသိအမှတ်ပြု နယ်စပ်ကိုဖြတ်ကျော်ကာ ဆက်ဒ်ဇာမြို့နှင့် ရွာပေါင်း ဒါဇင်များစွာကို သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ၂၀၂၅ ဧပြီလမှာ ပြန်ပြီးနှင်ထုတ်ခံခဲ့ရပါတယ်။ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီးက အဆိုပါကျူးကျော်တိုက်ခိုက်မှုသည် အနာဂတ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် သြဇာလွှမ်းမိုးမှုရရှိရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ 

"ရုရှားတွေ စစ်ရာဇဝတ်မှု ကျူးလွန်တာကိုတော့ ချန်ထားပြီး တဖက်သက် ဇာတ်လမ်းတွေကို တင်ပြနေတာက အမိုက်မဲဆုံး ဆုံးဖြတ်ချက်တစ်ခုလို့ပဲ ပြောချင်ပါတယ်။ ဒါဟာ ဟန်ချက်မညီတာ ဒါမှမဟုတ် 'ဇာတ်လမ်းရဲ့ တခြားတစ်ဖက်ပါ။ ဒါဟာ ရုရှားဝါဒဖြန့်မှုတွေကိုပြဖို့ ပရိသတ်ကို လှည့်စားခွင့်ပေးလိုက်တာပါပဲ" လို့ ယူကရိန်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် က စနေနေ့တွင် ရေးသားခဲ့ပါတယ်။ 

ဟစ်တ်မန်း က ပျက်စီးသွားတဲ့ ရွာတွေမှာ ကင်းလှည့်နေတဲ့ ရုရှားစစ်သားတွေရဲ့ ဓာတ်ပုံတွေ၊ ရုရှား စစ်သားတွေ မိုင်းရှင်းနေတဲ့ ပုံတွေနဲ့ အရပ်သားတွေကို ဘေးလွတ်ရာကို ပို့ပေးနေတဲ့ပုံတွေကို ရိုက်တင်ခဲ့ပါတယ်။ ပြီးတော့ တိုက်ပွဲများကြောင့် နေအိမ်များ ပျက်စီးသွားတဲ့ ဒေသခံများ နဲ့ တွေ့ဆုံပြီး အင်တာဗျူး ခဲ့ပါတယ်။ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်သည့် အရပ်သားများအတွက် ခိုလှုံရာသို့ သွားရောက်ခဲ့ပါတယ်။ “ကျဆုံးသွားတဲ့ ယူနီဖောင်းတွေထဲမှာ မြင်ရတဲ့ ယူနီဖောင်းတွေက အများစုကတော့ ရုရှားတွေပဲ” ဆိုပြီး အရပ်သားနဲ့ စစ်သားတွေရဲ့ အလောင်းတွေကို ကြည့်ရှုခဲ့တဲ့ သတင်းထောက်က ပြောပါတယ်။

မော်စကိုက ယူကရိန်းတပ်ဖွဲ့ဝင်များသည် အစားအစာရှာဖွေသော အရပ်သားများကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။ လူအချို့က ရုရှားအစိုးရကို အချိန်မီ ကယ်ထုတ်ခြင်း မရှိဘူးလို့ ဝေဖန်ခဲ့သော်လည်း ရုရှား တာဝန်ရှိသူများက အဆိုပါ ဝေဖန်မှုများကို ငြင်းဆိုခဲ့ပြီး လူပေါင်း ၁၅၀,၀၀၀ ကျော်ကို ဒေသတွင်းမှ ရွှေ့ပြောင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)