ရန်ကုန်၊ ဇူလိုင် ၁၅
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ လေ့ကျင်းရေးကျောင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ လေ့ကျင့်ရေး ကျောင်းတို့တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တို့ တက်ရောက်ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ထမင်းလက်ဆုံ အတူစားခဲ့ကြသည်။
ယနေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောင်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဖွင့်လှစ်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောင်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဖွင့်လှစ်သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်များက ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost











No comments:
Post a Comment