သံဖြူဇရပ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်အတန်းကျောင်းနှင့် အမှတ်(၂)အ​ခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဥပဒေအသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်အတန်းကျောင်းနှင့် အမှတ်(၂)အ​ခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဥပဒေအသိပညာပေးဟောပြောပွဲပြုလုပ်




သံဖြူဇရပ်  ၊ ဇူလိုင် ၃


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ဥပဒေရုံး၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဥပဒေအသိပညာပေးဟောပြောခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ (ပညာ့ဂုဏ်ရည်) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးမြင့်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များ၊ မြို့နယ်ဥပဒေရုံးမှ ဒုဥပဒေအရာရှိ ဦးချမ်းကိုကိုက မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းအား ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအသိပညာပေး ဟော​ပြောခဲ့​ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)