ရေတာရှည်မြို့နယ် အ.လ.က (ခြဲ) ဘိုးတော်ကုန်းကျောင်း၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ် အ.လ.က (ခြဲ) ဘိုးတော်ကုန်းကျောင်း၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲပြုလုပ်




ရေတာရှည် ၊  ဇူလိုင် ၃


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကို ဇူလိုင် ၁ ရက်နေ့နံနက် (၉) အချိန်က အ.လ.က (ခြဲ) ဘိုးတော်ကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ရေတာရှည်မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုဝါကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၁၅၀) ခန့်တက်ရောက်ပြီး၊ ကျွန်း၊ ခေရ၊ ပိတောက်၊ ယင်းမာ၊ ဖလမ်း၊ ကုက္ကို၊ ရေမနေ၊ ဗန်ဒါ၊ မယ္ဇလီ၊ မန်ဂျန်ရှားနှင့် တည်စုစုပေါင်း ပျိုးပင် (၁၅၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


https://t.me/ChannelMyanmarKDrama

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)