ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သန့်ရှင်းရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သန့်ရှင်းရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ




အင်းစိန်၊ ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သန့်ရှင်းရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန် ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်နှင့် နေအိမ်အဆောက်အဦးများ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ မြို့တော်သန့်ရှင်သာယာလှပစေရေးအတွက် လမ်းများ၊ လမ်းဘေးပလက်ဖောင်းများ ဆေးကြောရာတွင် အသုံးပြုနိုင်ရေးအတွက် လမ်းညွှန်ချက်နှင့်အညီ သန့်ရှင်းရေးသုံးစက်ပစ္စည်းများ ဝယ်ယူကာ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးဝန်ထမ်းများအတွက် လုပ်ငန်းများတွင် အထောက်အကူပြုစေပြီး သက်တောင့်သက်သာဖြစ်၍ လုပ်ငန်းများ တွင်ကျယ်မည်ဖြစ်ကြောင်း၊ သန့်ရှင်းရေးသုံးပစ္စည်းများ ရေရှည်အသုံးပြုနိုင်ရေးအတွက် စနစ်တကျထိန်းသိမ်းကိုင်တွယ်အသုံးပြုကြရန် လိုအပ်ကြောင်းနှင့် သုံးစွဲမည့်ဝန်ထမ်းများကိုလည်း စနစ်တကျ ပြသသင်ကြားပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ (မြို့ပြ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဌာနမှူး ဦးချိုထွန်းအောင်၊ အင်ဂျင်နီယာဌာန၊ (လမ်းနှင့် တံတား) မှ ဌာနမှူး ဦးလင်းခိုင်နှင့် လွှတ်တော်နှင့် နေအိမ်အဆောက်အဦးများ ထိန်းသိမ်းရေးအဖွဲ့(ရန်ကုန်)၊ စီမံရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်တင့်ဆွေတို့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် သန့်ရှင်းရေးသုံး SWEEPER စက်ပစ္စည်း အစီး(၃၀)အား လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သန့်ရှင်းရေးသုံး SWEEPER စက်ပစ္စည်းများအား စပ်သပ်မောင်းနှင် သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)