မိုင်းဖြတ်မြို့နယ်၌ ကျေးရွာ(၅)ရွာသို့ ဆက်သွယ်သွားလာနိုင်မည့် ကျောက်ချောလမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ကျေးရွာ(၅)ရွာသို့ ဆက်သွယ်သွားလာနိုင်မည့် ကျောက်ချောလမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး




မိုင်းဖြတ် ၊  ဇူလိုင် ၁၀


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်၌ ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျေးရွာ(၅)ရွာသို့ ဆက်သွယ်သွားလာနိုင်မည့် ကျောက်ချောလမ်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ)  ဦးကျော်ဇေယျံလင်း၊ တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်နှင့် တာဝန်ရှိသူများက အိုက်လုံ-အိုက်ငို့လမ်းအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဒေါ်စိမ်းစိုစိုဝေက လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျံလင်းက လုပ်ငန်းများအချိန်မှီ ဆောင်ရွက်ပြီးစီးရေး၊ အရည်သွေးပြည့်မှီရေးနှင့် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ 

အဆိုပါ ကျောက်ချောလမ်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် (၂၀၀)သန်းဖြင့် လမ်းအရှည် ၇ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မရှိ ကျောက်ချောလမ်းဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက ဟာကြားဟုန်၊ ဝမ်ပိန်း၊ ဟကြားဒီပ(ပေါ်)၊ ဟကြားဒီပ(အောက်)၊ ဟကြားမုဒိ ကျေးရွာများမှ  အိမ်ခြေ (၂၈၀) မှ လူဦးရေ (၁၁၂၀) ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။


သန်းထွန်းအေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)