နယူးဒေလီ၊ ဇူလိုင် ၁
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက် နေ့လယ် ၁ နာရီတွင် အိန္ဒိယနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးမှ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ဖြစ်သူ H.E. Indra Mani Pandey အား ၎င်း၏သံရုံး၌ ဂုဏ်ပြုတည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment