ရီရတ်ဒ်၊ ဇူလိုင် ၁
ရီရတ်ဒ်မြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ယုသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည်ဖြစ်ရာ ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (Deputy Minister for Political and Economic Affairs) ဒေါက်တာ ဆာအုဒ် ဘင် မိုဟာမက် အယ်လ်-ဆာတီ အား ၃၀-၆-၂၀၂၅ ရက်နေ့ ၁၂၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ၎င်း၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် သံအမတ်ကြီးက မြန်မာနိုင်ငံ လတ်တလော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပက်သတ်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံအဖွဲ့နှင့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment