ပေါက်ခေါင်း၊ ဇူလိုင် ၁
ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးရာတွင် ယခင်နှစ်ကချေးငွေများ အကြေပေးဆပ်သည့် တောင်သူများကို ဦးစားပေး ထုတ်ချေးပေးလျက်ရှိပြီး၊ လယ်တစ်ဧကလျှင်ကျပ်တစ်သိန်းခွဲနှုန်း အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာ ကျွဲကလေးစမ်း ကျေးရွာအုပ်စုမှ တောင်သူလယ်သမား(၅၃)ဦးတို့၏ မိုးစပါးစိုက်ဧက(၁၂၆)ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၈၉)သိန်းအား ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ချေးငွေများကို အကြေပေးဆပ်ခဲ့သည့် တောင်သူလယ်သမားများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ချေးငွေထုတ်ချေးပေးရန်ကျန်ရှိသူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ဖုန်းကျော်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment