တနင်္သာရီတိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့်လူမှုအသိုင်းအဝန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့်လူမှုအသိုင်းအဝန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ







ထားဝယ်၊ ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီးတိုးတက်ခိုင်မာအားကောင်းသည့်လူမှုအသိုင်းအဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုင်းအဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးသက်နိုင် က  သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြံ့ကြံ့ခံပြီးရင်ဆိုင်ကျော်လွှားနိုင်ရေးတွင် အစိုးရတစ်ခုတည်း၏အင်အားဖြင့်မဟုတ်ဘဲ ပိုမိုကောင်းမွန်သောပြန်လည်ထူထောင်ရေးနှင့် . ပြန်လည် တည်ဆောက်ရေးအတွက် ပြည်သူတိုင်း စုစည်းညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေးအတွက် အပြန်အလှန် လေးစားယုံကြည်မှု၊ ရပ်ရွာစွမ်းဆောင်ရည်ကို မြှင့်တင်ထားနိုင်မှု၊တန်းတူညီမျှစွာအခွင့်အရေးရရှိစေမှု တို့သည် အရေးပါသောအချက်များပင်ဖြစ်ကြောင်း၊သဘာဝဘေး အန္တရာယ် နှင့် ပတ်သက်သည့်တုံ့ပြန်ရင်ဆိုင်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၏ လိုအပ်ချက်ပမာဏတွင် ကြီးမား သောကြောင့် ကဏ္ဍပေါင်းစုံ၌ အစိုးရနှင့်ဒေသအာဏာပိုင် အဖွဲ့အစည်းများသာမက ပြည်တွင်း/ ပြည်ပမှ စေတနာရှင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူမျာ၏ စိတ်အားထက် သန်စွာ ပူးပေါင်း ဆောင်ရွက်မှုများ လိုအပ်ကြောင်း၊ ဒါ့ကြောင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး စီမံချက်ကာလ (၆)လဖြင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက် အဝန်းဖော်ဆောင်ရေးလုပ်ငန်းသည် တစ်မျိုးသားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သဘာဝဘေး အန္တရာယ် ရင်ဆိုင် တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းတွင်လည်း အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ကြိုတင်ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကို စနစ်တကျထိရောက် လျင်မြန်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းလူမှုအဖွဲ့အစည်းများက စိတ်အားထက်သန်စွာဖြင့်ညီညီညွှတ်ညွှတ်ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ က ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ နှင့် စီမံချက်များ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး က ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)