မိုးနဲမြို့၌ ယာစပါးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ပေါင်းလိုက်မြေဩဇာထည့်သွင်းမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့၌ ယာစပါးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ပေါင်းလိုက်မြေဩဇာထည့်သွင်းမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး




မိုးနဲ ၊  ဇူလိုင် ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာတွင် မိုးစပါး(ယာ)အထွက်ကောင်းမျိုးများဖြစ်သည့်(အောင်နိုင်တိုး၊ DU-16၊ ရွှေရင်အေးမျိုး)၊ ဒေသမျိုးများဖြင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်‌ဆောင်ရွက်မှု၊ ယာစပါးမျိုးသန့်ပွား စိုက်ခင်းဆောင်ရွက်ထားရှိမှု၊ ယာစပါးစမ်းသပ်ကွက်နှင့် စံပြကွက်များ ပေါင်းလိုက်၊ မြေဩဇာကျွေးခြင်းဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ ယာစပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် အောင်နိုင်တိုး၊ DU -16၊ ခေါက်လွိုင်ဟွမ်၊ ခေါက်မီးကွတ်၊ ဒေသမျိုး စသည့် စပါခင်းများအတွင်း ပေါင်းလိုက်ခြင်းနှင့် မြေဩဇာထည့်သွင်းနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦး‌ဇော်မော်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးညွန့်ရွှေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)