ဇူလိုင် - ၂၁ ( တနင်္လာနေ့ )
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ရုံးရဲ့ ထုတ်ပြန်ချက်အရ ယခုသီတင်းပတ်အတွင်း စီစဉ်ထားတဲ့ ဝန်ကြီးချုပ်ရဲ့ အကျင့်ပျက်ခြစားမှု နဲ့ ပတ်သက်ပြီး တရားရုံးမှာ ကြားနာမှုပြုလုပ်မှာကို အစာအဆိပ်သင့်နေတယ် ဆိုပြီး အကြောင်းပြချက်နဲ့ တရားခွင်ကိုမလာရောက် နိုင်ဘူးလို့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဝန်ကြီးချုပ်ကို ၂၀၂၀ကတည်းက စတင်စစ်ဆေးခဲ့တဲ့ လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် သြဇာလွှမ်းမိုးမှုဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုနှင့် လက်ဆောင်များလက်ခံခြင်းဆိုင်ရာ စွပ်စွဲချက်များအပေါ် ယုံကြည်မှုချိုးဖောက်မှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။ နေတန်ယာဟုသည် မည်သည့်အမှားအယွင်းမျှမရှိဟု ငြင်းဆိုထားပြီး ယင်းအမှုကို နိုင်ငံရေးအရ လှုံ့ဆော်တဲ့ လှုံ့ဆော်မှုတစ်ခုလို့ ချေပထားပါတယ်။
အာဏာပိုင်များ၏ ပြောကြားချက်အရ အသက် ၇၅ နှစ်အရွယ် ဝန်ကြီးချုပ်သည် တစ်ညလုံး နာမကျန်းဖြစ်ပြီး ၎င်း၏ဆရာဝန်က အိမ်တွင် ဆေးစစ်ခဲ့တယ်လို့ သိရပါတယ်။ “မသန့်ရှင်းသောအစာ” ကိုစားခြင်းကြောင့် အူလမ်းကြောင်း ရောင်ရမ်းမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ရေဓာတ်ခန်းခြောက်မှုအတွက် သွေးကြောထဲကို အရည်များ သွင်းနေရပေမဲ့ သူ့ရဲ့အခြေနေက ကောင်းတယ်ပါတယ်လို့ ဖော်ပြပါတယ်။
“သူ့ရဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ဟာ နောက်သုံးရက်လောက် အိမ်မှာ အနားယူပြီး အဲဒီကနေ နိုင်ငံတော် ကိစ္စတွေ ဆောင်ရွက်မှာပါ” လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ရောဂါကြောင့် တနင်္ဂနွေနေ့ အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးကို လွဲချော်ခဲ့ပါတယ်။
နေတန်ယာဟု၏ရှေ့နေ အာမစ်ဟာဒစ် က နိုင်ငံတော်ရှေ့နေချုပ်ရုံးကို လာမယ့် ရက်သတ္တပတ်နှောင်းပိုင်းကျမှ ထွက်ဆိုချက်ကို တင်သွင်းရန် တောင်းဆိုခဲ့ပါတယ်။ သို့သော်လည်း နွေရာသီအားလပ်ရက် စတင်တော့မှာမို့လို့ တရားရုံးက တရားခွင်ကို ဖျက်သိမ်းခဲ့ပြီး နောက်တစ်ကြိမ် ကြားနာမှုကို စက်တင်ဘာ ၅ ရက်မတိုင်မီ လုပ်ရန် အစီအစဉ် မရှိသေးပါဘူး။
တရားခွင်က နေတန်ယာဟုရဲ့ ကျန်းမာရေးပြဿနာများ၊ ဟားမတ်စ်နှင့် အီရန်တို့၏ စစ်ပွဲများနှင့် သံတမန်ရေးရာ ခရီးစဉ်များကြောင့် နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့ပါတယ်။ ၂၀၁၄ တုန်းကလည်း ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးလမ်းကြောင်းပိုးဝင်ပြီးနောက် ခွဲစိတ်မှုခံယူခဲ့ရကြောင်း သိရပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment