ဇူလိုင် - ၈ ( အင်္ဂါနေ့ )
ပြီးခဲ့တဲ့ အပတ်က ယူကရိန်းနိုင်ငံကို အမေရိကန်ရဲ့ အကျိုးစီးပွားကိုကြည့်ဖို့အလို့ငှာ လက်နက်တင်ပို့ခြင်းအား ရပ်ဆိုင်းလိုက်ပြီ ဆိုတဲ့အမိန့်ကို ထရမ့်က သမ္မတလုပ်ပိုင်ခွင့်ကနေ အမိန့်ကို ထုတ်ပြန်လိုက်ပြီးနောက် ကာကွယ်ရေးဝန်ကြီးကလည်း အမှုဆောင်အမိန့်ကို ဆက်လက်ထုတ်ပြန်ကာ ယူကရိန်းကို လက်နက်ရောင်းချမှု ပိတ်ပင်လိုက်ပါတယ်။
ဒါပေမဲ့ မနေ့က အမေရိကန်သမ္မထရမ့်နဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုတို့ တွေ့ဆုံမှုအပြီး သတင်းစာရှင်လင်းပွဲ မှာတော့ ထရမ့်က "ပေးရမှာပေါ့၊ ကျနော်တို့ ယူကရိန်းကို လက်နက်ထောက်ပံ့ပေးရမှာပေါ့။ ကျွန်ုပ်တို့ နောက်ထပ်လက်နက်တွေ ပို့တော့မယ်။ လုပ်ရမယ်။ သူတို့ကိုယ်သူတို့ ခုခံနိုင်ရမယ်။ အခု အရမ်းထိနေတယ်" လို့ ပြောသွားပါတယ်။
“အဓိကကတော့ ခံစစ်လက်နက်တွေ က အရမ်းပြင်းပြင်းထန်ထန် ထိမှန်နေပါတယ်။ လူတော်တော်များများက အဲဒီ အရှုပ်တော်ပုံထဲမှာ သေနေကြတယ်” လို့လည်း ဆိုပါတယ်။ ထရမ့်က အဲ့လိုပြောပြီး မကြာခင်မှာပဲ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပန်နယ်က အမေရိကန်အနေနဲ့ "ယူကရိန်းသို့ နောက်ထပ်ကာကွယ်ရေးလက်နက်များ" ပေးပို့မယ်ဆိုပြီး အတည်ပြုခဲ့ပါတယ်။ အမေရိကန်က ကမ္ဘာတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာ တင်ပို့ရောင်းချမှုများကို ပြန်လည်သုံးသပ်ခြင်းလုပ်နေတာနဲ့ ပတ်သက်ပြီးတော့လည်း "သက်ရောက်မှုရှိနေဆဲဖြစ်ပြီး ကျွန်ုပ်တို့၏ အမေရိကန် ပထမ ကာကွယ်ရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများလည်း လုပ်နေပါတယ်" လို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီး ပီတီ ဟတ်သ် က အမေရိကန်ရဲ့ အရန်လက်နက်အင်အား လျော့နည်းသွားခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုများကို ကိုးကားကာ ပေးပို့မှုများကို ရပ်တန့်ရန် ပြီးခဲ့သည့် သီတင်းပတ်က အမိန့်ပေးခဲ့ပါတယ်။ "ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံများသို့ ကျွန်ုပ်တို့နိုင်ငံ၏ စစ်ရေးထောက်ပံ့မှုနှင့် အကူအညီများကို DOD ပြန်လည်သုံးသပ်ပြီးနောက် အမေရိကန်၏အကျိုးစီးပွားကို ဦးစွာထားရှိရန် ယခုဆုံးဖြတ်ချက်ကို ချခဲ့တာပဲ ဖြစ်ပါတယ်" လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီ က အဲ့ဒိအချိန်တုန်းက မီဒီယာကို ပြောခဲ့ပါတယ် ။
အဲ့တုန်းက ထရမ့်ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ယူကရိန်းက လွှတ်တော်အမတ်တွေ၊ နိုင်ငံခြားရေးဌာန တွေက အကြီးတန်း အရာရှိတွေက ထရမ့်ကို ရက်ရက်စက်စက် ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့ရဲ့ စကားတွေက တစ်ပတ်ဆိုတဲ့ အချိန်အတွင်းမှာပဲ လိုင်းပေါ်မှာ ဆိုးဆိုးဝါးဝါးတွေ ကျန်နေတုန်းပါပဲ။
REF - RT
https://t.me/MyanmarNationalPost

No comments:
Post a Comment