ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် အကွက်ရိုက်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများအား စစ်ဆေး အရေးယူဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် အကွက်ရိုက်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများအား စစ်ဆေး အရေးယူဆောင်ရွက်နေ



နေပြည်တော်၊ ဇူလိုင် ၁၀

ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် အကွက်ရိုက်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများအတွက် သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များ၏ ကွင်းဆင်းစစ်ဆေးတင်ပြခြင်းအပေါ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၏ဦးဆောင်မှုဖြင့် (၄-၇-၂၀၂၅)နေ့အထိ ခြံစည်းရိုးအုတ်တံတိုင်းခတ်ကာရံခြင်း၊ ကျောက်တိုင်စိုက်ထား ခြင်းများအတွက် ကျူးကျော်အသုံးပြုသူ စုစုပေါင်း(၄၆၅)ဦး၊ အဆောက်အဦး(၂၀)လုံး၊ အကွက်ပေါင်း (၁၀၆၉)ကွက်အား ဖယ်ရှားရှင်းလင်းပြီး နေအိမ်ဆောက်လုပ်အသုံးပြုထားသော ကျူးလွန်သူ လူပုဂ္ဂိုလ် (၅၉၀)ဦးအား တားမြစ်စာများထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားထားသည်။

ပြင်ဦးလွင်မြို့နယ်မှ ဒေသခံများ ပေးပို့လာသည့်အခြေအနေနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မြန်မာနေရှင်နယ်ပို့စ် က ဇူလိုင်လ (၃)ရက်နေ့ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး ရဲ့ ပြင်ဦးလွင် ခရီးစဉ်တိုင်းမှာ စိုက်ပျိုးမြေတွေကို ခွင့်ပြုချက် မရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုဖို့ အကြိမ်ကြိမ် ပြောဆိုခဲ့ကြောင်း၊ ပြင်ဦးလွင်ခရိုင်၊ မြို့နယ် အာဏာပိုင်များအနေဖြင့် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ကို အလေးထားပြီး လုပ်ဆောင်နေပါသလား ဟု မေးမြန်းထားခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်ပို့စ် ၏ မေးမြန်းချက်အပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ -

အဆိုပါ ပင်လိန်ကျေးရွာအုပ်စုရှိ လယ်ယာမြေများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လမ်းညွှန် ကြီးကြပ်မှုများဖြင့် မြို့နယ်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ မြေပြင် ကွင်းဆင်းစစ်ဆေး တားမြစ်ဆောင်ရွက်ခဲ့ပြီး၊ အကွက်ရိုက်ထားမှုများအား ဖယ်ရှားရှင်းလင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ပင်လိန်ကျေးရွာအုပ်စုအတွင်း လယ်ယာမြေများအား အကွက်ရိုက်ထားမှုများကို ရှင်းလင်းဆောင်ရွက်မှုအနေဖြင့် တင်ပြစာပါမြေနေရာအတွင်းမှ စုစုပေါင်းအကွက်(၁၄၀)ခန့်ကို ဖယ်ရှား ရှင်းလင်းပြီး အဆောက်အဦများအား စာရင်းကောက်ယူ၍ လယ်ယာမြေဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း။

ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် အကွက်ရိုက်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများအတွက် သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များ၏ ကွင်းဆင်းစစ်ဆေးတင်ပြခြင်းအပေါ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၏ဦးဆောင်မှုဖြင့် (၄-၇-၂၀၂၅)နေ့အထိ ခြံစည်းရိုးအုတ်တံတိုင်းခတ်ကာရံခြင်း၊ ကျောက်တိုင်စိုက်ထားခြင်းများအတွက် ကျူးကျော်အသုံးပြုသူ စုစုပေါင်း(၄၆၅)ဦး၊ အဆောက်အဦး(၂၀)လုံး၊ အကွက်ပေါင်း (၁၀၆၉)ကွက်အား ဖယ်ရှားရှင်းလင်းပြီး နေအိမ်ဆောက်လုပ်အသုံးပြုထားသော ကျူးလွန်သူ လူပုဂ္ဂိုလ် (၅၉၀)ဦးအား တားမြစ်စာများထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း။ 

အဆိုပါကျူးလွန်သူ (၅၉၀)ဦးအနက် လူ ပုဂ္ဂိုလ်(၂၁၈)ဦးအား ရုံးအမိန့်များထုတ်ပြန်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နှင့်အညီ တရားစွဲဆို ဆောင်ရွက်လျက်ရှိရာ ပုံစံ(၇)ရရှိပြီး ကျူးလွန်သူများကို တရားရုံးသို့ ဦးတိုက် တရားစွဲဆိုဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ ပုံစံ(၇)မရှိဘဲ ကျူးလွန်သူများကို ရဲစခန်းမှတစ်ဆင့် အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိရာ အမှုပေါင်း(၈၀)ဦးအား တရားစွဲဆိုခဲ့ပြီး (၇၃)ဦးမှာ အမိန့်ချမှတ် ခဲ့ပြီးဖြစ်ကြောင်း။ ထပ်မံ၍ မြို့နယ်ရဲစခန်းတွင် တရားစွဲဆိုရန် ပေးပို့ထားသော လူပုဂ္ဂိုလ်(၁၃၈)ဦးအား အသီးသီးတရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဖြေကြားချက်တွင် "ဆက်လက်၍ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုချက်မရရှိမှီ ကျူးလွန် အသုံးပြုမှုများအား တွေ့ရှိပါက အချိန်နှင့်တပြေးညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ လယ်ယာမြေ များပေါ်တွင် ကျူးလွန်ဆောင်ရွက်ထားမှုများအပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အရေးယူ ဆောင်ရွက်ခြင်းများရှိသကဲ့သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် မြို့နယ်တွင် ယခင်က အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍လည်းကောင်း၊ (၂၀၂၄) ဒီဇင်ဘာလတွင် အဖွဲ့(၅)ဖွဲ့ ပြင်ဆင်ဖွဲ့စည်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးပြီး ခွင့်ပြုချက်မရှိဘဲ တရားမဝင်အကွက်ရိုက်ခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်းများအတွက် ကွင်းဆင်းစစ်ဆေးဖယ်ရှားရှင်းခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကွင်းဆင်းဖယ်ရှားဆောင် ရွက်မှုများကို အပတ်စဉ် ကြာသပတေးနေ့တိုင်း အထက်ဌာနအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်လျက် ရှိပါကြောင်း" ဖြေကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)