တာမွေမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ





တာမွေ၊ ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် တာမွေလေးရပ်ကွက်ရှိ တာမွေလေးဂုံးကျော်တံတားအနီး တာမွေဘူတာရပ်ဝန်းမှ မေတ္တာညွန့်ဘူတာရပ်ဝန်းအတွင်း ရထားလမ်းမိုင်တိုင် (၃/၄-၅) ကြားနေရာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး တင်နိုင်မိုးမှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းထံ စိုက်ပျိုးမည့် စိန်ပန်းနီပျိုးပင်များအား ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသော သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး တင်နိုင်မိုး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင် များက သတ်မှတ်နေရာများအလိုက် စိန်ပန်းနီပျိုးပင်များကို တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် စေရေး၊ ဂေဟစနစ်နှင့် ရာသီဥတုကောင်းမွန်မျှတမှုရှိစေရေး၊ အရိပ်အာဝါသကောင်း ရရှိစေရန်နှင့် လူသားတို့၏ လူနေမှု ဘဝလိုအပ်ချက်များကို သစ်ပင်သစ်တောမျာမှ အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်း များဖြင့် အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)