အိန္ဒိယမြောက်ပိုင်း မိုးကြီးလို့ လူ ၆၀ ကျော်သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယမြောက်ပိုင်း မိုးကြီးလို့ လူ ၆၀ ကျော်သေဆုံး


ဇူလိုင် - ၅ ( စနေနေ့ ) 

အိန္ဒိယမြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်မှာ နှစ်ပတ်ကြာ မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၆၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှု၊ လမ်းများပျက်စီးကာ ဟိမဝန္တာပြည်နယ်ရှိ ကျေးရွာအများအပြား အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။ ရာသီဥတုဆိုးရွားမှုကြောင့် အိမ်ခြေ ၁၅၀ ကျော်၊ နွားခြံ ၁၀၆ ခြံ၊ ယာဉ် ၃၁ စီးနှင့် တံတား ၁၄ စင်းတို့ ထိခိုက်ခဲ့ပြီး နွား ၁၆၄ ကောင် သေဆုံးခဲ့ရပါတယ်။ 

“အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုက ရှာဖွေရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို ဦးတည်နေပါတယ်”လို့ ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ အကြီးအကဲ က မီဒီယာများကို ပြောကြားခဲ့ပါတယ်။ 

ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့မှ ဝန်ထမ်းများက ဗုဒ္ဓဟူးနေ့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆေးရုံသို့တင်ရန် မိုင်ပေါင်းများစွာအကွာအဝေးအတွင် ခေါ်ဆောင်သွားခဲ့ကြောင်း NDTV ရဲ့ သတင်းများအရသိရပါတယ်။ အခြားသတင်းများတွင်လည်း ပြည်နယ်အတွင်း မျောပါသွားတဲ့ ရွာများအကြောင်း မျှဝေထားပါတယ်။ 

အိန္ဒိယနိုင်ငံ ပြည်နယ်အချို့က လွင်ပြင်ဒေသများသည် ပြင်းထန်သော မိုးရွာသွန်းမှုဒဏ်ကို ခံခဲ့ရပါတယ်။ မုန်တိုင်းဒဏ်ခံပြည်နယ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသားသဘာဝဘေး တုံ့ပြန်ရေးတပ်ဖွဲ့များ လုံလောက်စွာချထားခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး က ၎င်းရဲ့ အိတ်စ်မီဒီယာ မှာ ရေးသားဖော်ပြခဲ့ပါတယ်။  စစ်ကူများကိုလည်း စေလွှတ်ပေးမယ်လို့လည်း ၎င်းက ပြောပါတယ်။ 

အိန္ဒိယမိုးလေဝသဌာနက လာမည့်သီတင်းပတ်တွင် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းမယ်လို့ ခန့်မှန်းထားပြီး အနောက်မြောက်ဘက်တွင် ဇူလိုင် ၆ ရက်မှ ၇ ရက်အတွင်း ပြင်းထန်မှုအမြင့်မားဆုံးလို့  ခန့်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းသည် ဇူလိုင် ၇ ရက်အထိ သိသိသာသာ မိုးရွာသွန်းနိုင်တယ်လို့ ဆိုထားပြီး ဇွန်လအတွင်း အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသတွင် ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၅၀၀,၀၀၀ ကျော် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)