ရန်ကုန်၊ ဇူလိုင် ၅
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက် ပုလဲရတနာလမ်းရှိ မြို့နယ်ဘောလုံးအားကစားကွင်းသို့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် (၅-၇-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက လာရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ရဲကျော်သူ(အား/ကာ)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မိုးသီဟကျော်၊ မြို့နယ်အားကာဦးစီးမှူး ဒေါ်ပြုံးသန့်ခိုင်နှင့်အဖွဲ့တို့မှ ကြိုဆိုကြပြီး အားကစားကွင်း၊ အားကစားရုံများ၏ အခြေအနေများကို တင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးမှ အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ တင်ပြချက်များအပေါ် လိုအပ်သည်များညွှန်ကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment