ဒလိုင်းလားမားက မကွယ်လွန်ခင် ဆက်ခံမယ့်သူကို ရွေးဖို့စီစဉ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလိုင်းလားမားက မကွယ်လွန်ခင် ဆက်ခံမယ့်သူကို ရွေးဖို့စီစဉ်နေ




ဇူလိုင် - ၂ ( ဗုဒ္ဓဟူးနေ့ ) 

တိဗတ်ဗုဒ္ဓဘာသာကို ကိုးကွယ်သူ သန်း ၂၀၀ ကျော်ရဲ့ ဉသျှောင်ဖြစ်တဲ့ ဒလိုင်းလားမားက လာမယ့် တနင်္ဂနွေမှာ သက်တော် ၉၀ ပြည့်တော့မှာပါ။ သူ့ရဲ့နေရာကို ဆက်ခံမယ့် လူဝင်စားလားမားနဲ့ ပတ်သက်ပြီး ရွေးချယ်ရေးကို သူထူထောင်ထားတဲ့ ဂါဒန်ဖိုဒရန် ဂေါပက အဖွဲ့ ကလွဲပြီး မည်သည့် လူပုဂ္ဂိုလ် ( သို့) အဖွဲ့အစည်းကမှ ဝင်ရောက် စွက်ဖက်ခွင့် မပြုရဘူးလို့ ဒီကနေ့ပဲ မှာလိုက်ပါတယ်။ 

လက်ရှိဒလိုင်းလားမားက တရုတ်အစိုးရနဲ့ မပြေလည်လို့ အိန္ဒိယနိုင်ငံကို ပြည်နှင်ဒဏ်ပေးခံထားရပါတယ် ။ တရုတ်အစိုးရကတော့ အသစ်တက်လာမယ့် လားမားကို ကွန်မြူနစ်ပါတီကပဲ ရွေးချယ်မယ် ၊ လက်ရှိဒလိုင်းလားမားရဲ့အခန်းကဏ္ဌက ဘာမှ မရှိဘူး ဆိုပြီး ပြောထားပါတယ်။ 

ဒလိုင်းလားမားအဖွဲ့ကို ဆက်လက်တည်ထောင်ရန် ဆုံးဖြတ်ချက်သည် တရုတ်ထိန်းချုပ်ထားတဲ့ တိဗက်၊ တရုတ် နဲ့ ရုရှား တို့အပါအဝင် တိဗက်၏ ဝိညာဉ်ရေးရာ ထုံးတမ်းစဉ်လာ ခေါင်းဆောင်များ၊ ပြည်ပရောက် တိဗက်ပါလီမန်အဖွဲ့ဝင်များ၊ ဗဟိုတိဗက်အုပ်ချုပ်ရေး၊ NGO များနှင့် အာရှတလွှားမှ သာမန် ဗုဒ္ဓဘာသာဝင်များရဲ့ တောင်းဆိုမှုအရ အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ 

ဂေါပကအဖွဲ့ဝင်များသည် တိဗက်ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများ၏ အကြီးအကဲအမျိုးမျိုးနှင့် ဒလိုင်းလားမားတို့၏ မျိုးရိုးနှင့် ခွဲခြားဆက်နွယ်နေသည့် ယုံကြည်စိတ်ချရသော သစ္စာစောင့်သိသူများနှင့် တိုင်ပင်ဆွေးနွေးသင့်ပြီး ၎င်းတို့သည် ရှေးယခင်က အစဉ်အလာနှင့်အညီ ရှာဖွေခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်လျောညီထွေအောင် လုပ်ဆောင်သင့်တယ်လို့လည်း ဒလိုင်းလားမားက ဆိုပါတယ်။ 

၁၉၅၉ ခုနှစ်တွင် တရုတ်ကွန်မြူနစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ မအောင်မြင်သော လူထုအုံကြွမှုအပြီးတွင် တိဗက်မှ ထွက်ပြေးခဲ့ရတဲ့  ဒလိုင်းလားမားက ၎င်းရဲ့ကိုယ်ပိုင် “တရားဝင်” ဗုဒ္ဓဘာသာဂိုဏ်းခွဲ တည်ထောင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီကတော့ ၎င်းကို ခွဲထွက်ရေးသမားအဖြစ် မှတ်ယူကာ တိဗက်လူမျိုးများကို ကိုယ်စားမပြု ဘူးလို့ ဆိုထားပါတယ်။ 

ဒီလိုင်းလားမားနေရာဆက်ခံရေးကိစ္စများသည် လူတစ်ဦးတစ်ယောက်နဲ့ ပတ်သက်သည်မဟုတ်ကြောင်း၊  အဆိုပါလုပ်ငန်းစဉ်ကို တရုတ်ဥပဒေနဲ့ စည်းမျဉ်းများအပြင် “ဘာသာရေးထုံးတမ်းများနဲ့ သမိုင်းဝင်စည်းမျဥ်းများ”တို့နဲ့လည်း ကိုက်ညီရမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ပဲ ထုတ်ပြန်ခဲ့ပါတယ်။ 

သို့ဖြစ်ရာ ဒလိုင်းလားမား၏ လူဝင်စားခြင်းကို ဗဟိုအစိုးရ၏ ခွင့်ပြုချက်ဖြင့် အမည်စာရင်း တင်သွင်းထားသူများအား ရာစုနှစ်များစွာကတည်းက ရှိခဲ့တဲ့ ရွှေကရားထဲမှ မဲကို နှိုက်တဲ့စနစ်ဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)