နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ပြင်ဦးလွင်သို့ လာရောက်သည့် ခရီးစဉ်တိုင်းတွင် စိုက်ပျိုးမြေများကို ဥပဒေမဲ့ အခြားနည်းအသုံးချခြင်းမပြုရန် လမ်းညွှန်မှာကြားပါသည်။
သို့သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူတချို့အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို လေးစားလိုက်နာခြင်း မရှိဘဲ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှု၍ စိုက်ပျိုးမြေများကို ဝယ်ယူပြီး ကွက်စိတ်များ ရိုက်ရောင်းလျက်ရှိပါသည်။
ယခုအခါ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ရွာအနီးရှိ စိုက်ပျိုးမြေများကို ဝယ်ယူသွားသူက စိုက်ပျိုးရေးလုပ်ကိုင်ခြင်း မရှိဘဲ ကွက်စိတ်များ ရိုက်ရောင်းလျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ရေအရင်းအမြစ်နှင့် စိုက်ပျိုးမြေများ ဆုံးရှုံးမှု သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများအတွက် ထိန်းသိမ်းပေးနိုင်ပါရန် တင်ပြအပ်တယ်။ ထိုသို့လုပ်ဆောင်နေမှုများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် +++အရာရှိတချို့ ပါဝင်ဆောင်ရွက်နေသည်ကို သိရှိရပါသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို အလေးမထားဘဲ မိမိတို့ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှု၍ စိုက်ပျိုးမြေများကို ဥပဒေမဲ့ အသုံးချနေမှုများအပေါ် စိစစ်အရေးယူဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
ဒေသခံ ပြည်သူတစ်ဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment