ကော့ကရိတ်မြို့တွင်းနေ ပြည်သူများအား အခြေခံစားသောက်ကုန်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့တွင်းနေ ပြည်သူများအား အခြေခံစားသောက်ကုန်များပေးအပ်







ဘားအံ၊ ဇူလိုင် ၂၉

တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် KNU/LNLAနှင့်PDF အကြမ်းဖက် ပူးပေါင်းအဖွဲ့များနှောင့်ယှက်ပိတ်ဆို့ထားသည့် ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စု ကားလမ်းမကြီးအား ပြန်လည် ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ရာ ကော့ကရိတ်မြို့တွင်းနေပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့က  ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ဒေါနခန်းမ၌ အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးအပ်ခဲ့သည်။

ထို့သို့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော် က ဒေသတွင်းတည်ငြိမ်းအေးချမ်းရေးနှင့် ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝများပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင်  အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှလည်း လိုအပ်သည်များဆက်လက်ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း အားပေးစကားများပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်၊ နယ်မြေခံတပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများက ကော့ကရိတ်မြို့တွင်းနေပြည်သူ အိမ်ထောင်စု ၁၆၀၀ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ၅၀ ကျပ်သား၊ ကြက်သွန်နီ (၅၀)သား၊ ကုလားပဲ၅၀သား နှုန်းဖြင့်ချီးမြှင့်ပေးအပ်သည်။

အလားတူ ပြည်နယ်ဝန်ကြီးများနှင့် နယ်မြေခံတပ်မတော်အရာကြီးများသည် အမှတ်(၉၇)ခြေလျင်တပ်ရင်း တပ်မတော်မိသားစုဝင်များနှင့်သွားရောက်တွေ့ဆုံပြီး နယ်မြေခံတပ်မှရဲမေများအား ဆန်အိတ် ၃၀၀ ကိုချီးမြှင့်ပေးအပ် ခဲ့ရာ ယနေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ စုစုပေါင်း ဆန်အိတ် ၁၀၀၀၊ ဆီပိဿာ ၁၀၀၀ ၊ ကြက်သွန်နီ ပိဿာ ၁၀၀၀ ၊ ကုလားပဲ ပိဿာ ၁၀၀ တို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)