ဇူလိုင် - ၃၀ ( ဗုဒ္ဓဟူးနေ့ )
ဒီနေ့ မနက်ပိုင်းမှာ ရုရှားနိုင်ငံရဲ့ အရှေ့ဖျားဒေသ ကမ်းရိုးတန် မြို့တစ်မြို့ဖြစ်တဲ့ ဆီဗီရိုကူရေစကီ ကို ဆူနာမီလှိုင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်း အားပြင်းတဲ့ငလျင်လှုပ်ခတ်ပြီးနောက် ဒီကနေ့ အစောပိုင်းမှာ ဒေသခံတွေအား ဘေလွတ်ရာကိုရွေ့ပြောင်းပေးနေစဉ်မှာပဲ ဆူနာမီလှိုင်းက ဝင်လာတာပါ။ မြောက်ပိုင်း ကူရေးကျွန်းများတွင်လည်း ဆူနာမီလှိုင်းလုံးများ ရိုက်ခတ်ခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
ကမ်ချက်ကာ ကျွန်းဆွယ်အနီးတွင် ပြင်းအား ၇.၉ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် မကြာမီအတွင်း ပထမလှိုင်းတစ်လှိုင်းက ဆီဗီရိုမြို့ရဲ့ ကမ်းခြေကို လာရောက် ရိုက်ခတ် ခဲ့ပါတယ်။ ဒေသခံ အာဏာပိုင်များက ကမ်းရိုးတန်းနဲ့ အလှမ်းဝေးတဲ့ မြင့်မားသောနေရာများသို့ ခန့်မှန်းခြေ လူဦးရေ ၂,၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ပါတယ်။
“ဆူနာမီ ခြိမ်းခြောက်မှု လုံးဝ မပြီးမချင်း ဒေသခံတွေဟာ ကုန်းမြင့်မှာ ဘေးကင်းအောင် နေကြရမှာပါ။ အရေးပေါ်ဝန်ဆောင်မှုများနဲ့ မြင့်မားတဲ့ သတိပေးချက်တွေကို လုပ်ပေးထားပြီးပါပြီ။ အများပြည်သူဘေးကင်းစေရန်နဲ့ ဧရိယာအတွင်း ပုံမှန်ဘဝပြန်လည်ရရှိစေရန် လိုအပ်သည့်အစီအမံများအားလုံးကို လုပ်ဆောင်နေပါတယ်’လို့ ဒေသခံအာဏါပိုင်တွေက ဆိုပါတယ်။
ဒေသခံမီဒီယာများနှင့် တာဝန်ရှိသူများ အွန်လိုင်းပေါ်မှာတင်တဲ့ ဗီဒီယိုဖိုင်တွေမှာတော့ ဆူနာမီဥသြသံများ ဆူညံနေတဲ့ ကမ်းရိုးတန်းအစိတ်အပိုင်းတွေကို ရေများရောက်ရှိလာပုံနဲ့ ဒေသခံများက ကုန်မြင့်နေရာတွေဆီကို တက်နေတာတွေကို ပြခဲ့ပါတယ်။
အသေအပျောက် သို့မဟုတ် ကြီးကြီးမားမားပျက်စီးမှုသတင်းများကို ချက်ချင်းထုတ်ပြန်နိုင်ခြင်း မရှိပါဘူး။ မြို့က ငါးလုပ်ငန်းစက်ရုံတစ်ရုံမှ ဝန်ထမ်းများအားလုံးကို အမြန်ရွှေ့ပြောင်းနေချိန်လေးမှာပဲ စက်ရုံက ရေနစ်မြုပ်သွားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment