ရွှေတောင်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အသိပညာပေးဟောပြောပွဲကျင်းပ




ရွှေတောင်၊ ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းတဲကျွန်းကျေးရွာအုပ်စု၊ မင်းတဲကျွန်းဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့၊ နေ့လယ်ပိုင်းက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်အောင်နှင့် မြို့မရဲစခန်းမှူးဒု-ရဲမှူးသိုက်စိုးတို့မှ ပြစ်မှုပြစ်ဒဏ်နှင့် မှုခင်းကျဆင်းရေး၊ ဥပဒေပုဒ်မအကြောင်းအရာများ၊ ယာဥ်ထိန်းတပ်ဖွဲ့ ရဲအုပ်အောင်ကိုမင်းက ယာဥ်စည်းကမ်း/ လမ်းစည်းကမ်း ဆိုင်ရာအကြောင်းအရာများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိမိချိုက ကျား/ မရေးရာနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကျေးရွာစာကြည့်တိုက်များထူထောင်နိုင်ရေး နှင့် ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရန်နိုင်ဇော်က  စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု လျော့နည်းစေရေးအကြောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ရာ ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ယာဥ်ထိန်းတပ်ဖွဲ့မှ ယာဥ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)