ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြို့လုံးကျွတ် ဝါတွင်းကာလအရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြို့လုံးကျွတ် ဝါတွင်းကာလအရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲ ကျင်းပ





တောင်ကြီး၊ ဇူလိုင် ၁၆

ဗုဒ္ဓသာသနာတော် ထာဝစဉ်အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများအဆင်ပြေစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးပြီး မြို့လုံးကျွတ်ဝါတွင်းကာလ ဒုတိယအပတ် အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပွဲကို ယနေ့ နံနက် ၅ နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

စုပေါင်းအရုဏ်ဆွမ်းလောင်းလှူပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စေတနာသဒ္ဓါတရားထက်သန်စွာ စုပေါင်းလောင်းလှူကုသိုလ်ယူခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်အတွင်းရေးမှူးတို့က ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ ဆွမ်းလောင်လှူနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့လုံးကျွတ်အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း(၁၀၆)ကျောင်းမှ သံဃာတော်အပါး (၁၀၈၀)တို့အား စေတနာရှင်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် စုပေါင်းလောင်းလှူခဲ့ကြခြင်းဖြစ်ပြီး၊ အရုဏ်ဆွမ်းလောင်းလှူပွဲများကို ဝါတွင်းကာလအတွင်း အပတ်စဉ်အဖိတ်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)