သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာ လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာ လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကျင်းပ






သထုံ၊ ဇူလိုင် ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ နောင်ကုလားအလယ်ရွာမှ လေပြင်းဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်က လေ‌ပြင်းဘေးသင့်ပြည်သူများကို အားပေးအမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှူး ဒေါ်နှင်းသီတာတို့က လေပြင်းဘေးသင့်ပြည်သူများထံ ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့်  အိမ်ဆောက်ပစ္စည်းနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၅၇၅၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးအတွက် ငွေကျပ်(၅၀၀၀၀)တို့ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

နောင်ကုလားကျေးရွာအုပ်စု၊ နောင်ကုလားအလယ်ရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်(၇)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ် (၃၀) လုံးတစ်စိတ်တစ်ပိုင်းပျက်စီးကာ အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရရာ ရရှိခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် နောင်ကုလားအလယ်ရွာမှ လေဘေးသင့်ခဲ့သည့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)