ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်နေမှု ကြည့်ရှုအားပေး


လွိုင်ကော်၊ ဇူလိုင် ၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါမျိုးကွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားသော PFizer, JN-1 အား ကယားပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၃၀ ရက်နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးထိုးနှံပြီးသူများအား ထိုးနှံပြီးကြောင်းမှတ်တမ်းများ ပြန်လည်ထုတ်ပေးဆောင်ရွက်နေမှုတို့အား ကြည့်ရှုရာ ပြည်နယ်ကျန်းမာရေးဦးစီးမှူးက လိုက်လံရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံရမည့် ဝန်ထမ်းများနှင့် ပြည်သူများ ကျန်ရှိမှုမရှိစေရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက စနစ်တကျ စီမံဆောင်ရွက်ပေးရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယခု ကာကွယ်ဆေးထိုးနှံခြင်းအား ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၃ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်း ၂၆၃ ဦးတို့ကို ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့်ဝန်ထမ်းများနှင့် အသက် ၆၀ နှစ်အထက် ပြည်သူများအား စီမံချက်အတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)