စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ




စဉ့်ကိုင်  ၊ ဇူလိုင် ၂၂


နိုင်ငံတော်မှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးတို့ကို အဓိကထားဆောင်ရွက်ပေးလျက်ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ်  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က တောမကျေးရွာအုပ်စု၊ ပင်းချားကျေးရွာ ကွင်းအမှတ်-(၁၁၁)၊ ဦးပိုင်အမှတ်-(၃၀/၂)၊ စိုက်‌ဧက (၅)ဧကရှိသည့် တောင်သူဦးမျိုးသိန်း၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။


မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူး ပြောင်းဆောင်ရွက်နိုင်ရေး ကောက်စိုက်စက်ကို အသုံးပြု၍စိုက်ပျိုးခြင်းဖြင့် စပါးမျိုးသက်သာပြီး သီးနှံအထွက်တိုးစေခြင်း၊ လယ်ယာလုပ်သားရှားပါးမှု ပြဿနာဖြေရှင်းနိုင်ခြင်း၊ တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ်ပိုမိုရရှိစေခြင်း၊ စက်တစ်စီး၏ တစ်ရက် စိုက်ပျိုးပြီးစီးမှုမှာ (၅) ဧကခန့် ဖြစ်သည့်အတွက် အချိန်ကုန်သက်သာစေခြင်း၊ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ခြင်း ပျိုးခင်း‌‌နေရာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးသက်နုနုဖြင့်ဆောင်ရွက်နိုင်ခြင်း၊ အပင်ပွားအရေအတွက်များများရရှိခြင်း၊ ဒေသခံတောင်သူများအနေဖြင့် ကောက်စိုက်စက်ကို ပိုမိုတွင်ကျယ်စွာအသုံးပြုလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ဦးဆောင်ကာ  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြသခဲ့ကြောင်း သိရသည်။


အဆိုပါကွင်းသရုပ်ပြပွဲသို့ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ၊ အင်းကုန်း၊ ကျောက်ဆည်မြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးကျော်နှင့် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲကျော်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်နှင့်ဝန်ထမ်းများ၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်စွာ (စဉ့်ကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)