ဇူလိုင် - ၂၂ ( အင်္ဂါနေ့ )
တနင်္ဂနွေနေ့က ပြုလုပ်တဲ့ရွေးကောက်ပွဲမှာ လက်ရှိဂျပန်ဝန်ကြီးချုပ် ရှီဂျီရူအီရှီဘာရဲ့ အာဏာရ ညွန့်ပေါင်းပါတီ က ဒိုင်ယက် အထက်လွှတ်တော်မှ ထိုင်ခုံနေရာတော်တော်များများ ဆုံးရှုံးလိုက်ရလို့ လွှတ်တော် ၂ရပ်စလုံးမှာ လူနည်းစု စာရင်းထဲကို ဝင်သွားပါတယ်။ အဲ့ဒိလို အာဏာရပါတီ လွှတ်တော်ကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ ဖြစ်စဉ်က ဂျပန်နိုင်ငံမှာ နောက်ဆုံး ၁၉၉၄ ခုနှစ်မှာဖြစ်ခဲ့တာပါ။ နှစ်ပေါင်း ၂၀ အတွင်း ပထမအကြိမ် ဖြစ်ခဲ့တာပါ။
အီရှီဘာရဲ့ လစ်ဘရာယ် ဒီမိုကရက်တစ်ပါတီ နဲ့ လုပ်ဖော်ကိုင်ဖက် ပါတီငယ် ကိုမိုက်တိုပါတီတို့က လွှတ်တော်ကို ထိန်းချုပ်ဖို့အတွက် အမတ်ထိုင်ခုံမပြည့်တော့ပဲ လူနည်းစုပါတီတွေဖြစ်သွားပါတယ်။ လွှတ်တော်မှာ အမတ်ထိုင်ခုံက ၂၄၈ နေရာ ရှိပါတယ်။ ညွှန့်ပေါင်းအဖွဲ့က အစိုးရဖွဲ့နိုင်ဖို့အတွက် လွှတ်တော်မှာ အနည်းဆုံး ထိုင်ခုံ ၁၂၅ ခုံ လိုအပ်ပါတယ်။ အဲ့နေ့ရွေးကောက်ပွဲမှာ ထိုင်ခုံ ၁၉ နေရာဆုံးရှုံးသွားတဲ့ အတွက် ပါတီ ၂ ခုပေါင်း ထိုင်ခုံက ၁၂၂ ခုံသာရှိပါတော့တယ်။ အများစုနေရာအတွက် ၃ နေရာ လိုသွားပါတယ်။
ပါတီအကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံအသံတွေ ညံလာလို့ အီရှီဘာက အောက်လွှတ်တော်တွင် လျှပ်တပြက် ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာကာ ရွေးကောက်ပွဲ လုပ်လိုက်ပြီးနောက်မှာ အာဏါရပါတီ က အခုလို အကြပ်အတည်းကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ၎င်းရဲ့ အမတ်ထိုင်ခုံ ၂၂ ခုံကို အပြောင်းအလဲမရှိ ထိန်းနိုင်ခဲ့ပါတယ်။ အတိုက်အခံ အကြီးစားတွေဖြစ်တဲ့ ဗဟိုလက်ယာယိမ်း ကွန်ဆာဗေးတစ်ပါတီ ဖြစ်တဲ့ (DPP) နှင့် အစွန်းရောက် ကွန်ဆာဗေးတစ်ပါတီဖြစ်တဲ့ နာမည်ကြီး ဆန်စီတို တို့က အမတ်ထိုင်ခုံ ၁၃ ခုံစီ ရလိုက်ပါတယ်။
DPP က ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း၏ အကျိုးသက်ရောက်မှုကို လျော့ပါးစေရန် အခွန် ကန့်သတ်ဖို့ တောင်းဆိုမှုများလုပ်ခဲ့ပြီး ဆန်စီတိုက နိုင်ငံတွင်းသို့ လူဝင်မှုကြီးကြပ်ရေးကို ကန့်သတ်ရန် "ဂျပန် သာလျှင်ပထမ" ဆိုတဲ့ ဆောင်ပုဒ် ကို တွန်းအားပေးနေတဲ့ ပါတီဖြစ်ပါတယ်။ ယခုအခါ အဲ့ဒိပါတီတွေက လွှတ်တော်ထဲမှာ အမတ်ထိုင်ခုံ ၁၇ နေရာနှင့် ၁၄ နေရာ အသီးသီး ထိန်းချုပ်ထားပါတယ်။
အီရှီဘာကို ၎င်းရဲ့ပါတီမှ နုတ်ထွက်ရန် တောင်းဆိုခဲ့သော်လည်း ၎င်းက ရာထူးဆက်လက်ထမ်းဆောင်ရန် ကတိကဝတ်ပြုထားပြီး အတိုက်အခံများနှင့် ထိတွေ့ဆက်ဆံရန်ကိုလည်း ကတိကဝတ်ပြုကာ လက်ရှိ အခြေအနေကို “အမျိုးသားရေးအကျပ်အတည်း” အဖြစ် ဖော်ပြခဲ့ပါတယ်။ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ ၎င်းက မြင့်တက်နေသောဈေးနှုန်းများကို တန်ပြန်ရန် လုပ်ခလစာ တိုးမြှင့်ပေးရေး နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ဆွေးနွေးညှိနှိုင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရန် ကတိပြုခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment