ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြား တရုတ်နိုင်ငံနှင့် အီးယူခေါင်းဆောင်များက အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံ ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြား တရုတ်နိုင်ငံနှင့် အီးယူခေါင်းဆောင်များက အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံ ချမှတ်



ပေကျင်း၊ ဇူလိုင် ၂၅ 

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အခါသမယတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နှစ်ဖက်အနေဖြင့် အပြောင်းအလဲမြန်၍ ရှုပ်ထွေးသော ကမ္ဘာကြီးအား မိတ်ဖက်ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုစနစ်တို့ဖြင့် မည်သို့လမ်းညွှန်ထိန်းကျောင်းသွားမည် ဆိုသည့်အပေါ်  အဆိုပြုချက်အသစ်များ ချမှတ်ခဲ့သည်။

တရုတ်-အီးယူ ဆက်ဆံရေးမှာ သမိုင်းတစ်လျှောက် အလွန်အရေးပါသည့် အဆင့်သို့ တဖန် ရောက်ရှိနေသည်ဟု ရှီက ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့် အီးယူခေါင်းဆောင်များအနေဖြင့် အမြော်အမြင်နှင့် ခေါင်းဆောင်မှုတို့ကို ထပ်မံပြသရန်၊ ခိုင်မာတည်ငြိမ်သော တရုတ်-အီးယူ ဆက်ဆံရေးဖြင့် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ပိုမိုဆောင်ကြဉ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။ 

တရုတ်နိုင်ငံ ခေါင်းဆောင်က ၂၅ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရှီက အနာဂတ်တွင် တရုတ်-အီးယူ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် အဆိုပြုချက်သုံးရပ်ကို ချမှတ်ခဲ့သည်။ ယင်းအဆိုပြုချက် သုံးရပ်မှာ နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားမှုကို ထိန်းသိမ်းကာ တရုတ်-အီးယူ ဆက်ဆံရေးအား မိတ်ဖက်ဆက်ဆံရေးအဖြစ် ခိုင်ခိုင်မာမာ ဖော်ဆောင်ရန်၊ တံခါးဖွင့်လှစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိန်းသိမ်းကာ မတူကွဲပြားမှုများကို သင့်လျော်မှန်ကန်စွာ ကိုင်တွယ်စီမံရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ကျင့်သုံးကာ နိုင်ငံတကာ စည်းမျဉ်းများနှင့် စည်းစနစ်များကို ထိန်းသိမ်းရန်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့တွင်ပင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ကော်စတာ၊ ဗွန်ဒါလေယန်တို့နှင့် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးအား ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကာ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နှစ်ဖက်စလုံးက ကတိပြုခဲ့ကြသည်။

ယင်းထိပ်သီးအစည်းအဝေးအပြီးတွင် လီနှင့် ဗွန်ဒါလေယန်တို့က တရုတ်-အီးယူ စီးပွားရေးခေါင်းဆောင်များ သီးသန့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးခေါင်းဆောင် ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)