မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားများသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားများသို့ တက်ရောက်




ချမ်းအေးသာစံ ၊  ဇူလိုင် ၁၉


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်  မိုးရာသီသစ်ပင် စိုက်ပျိုးခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပေါ့စေရေး၊ မိုးခေါင်ရေရှားပါးမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်လာပြီး သစ်ပင်စိုက်ပျိုးတတ်လာစေရန် ရည်ရွယ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ချမ်းမြသာစည်မြို့နယ် မန္တလာသီရ အားကစားကွင်းအတွင်း ကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ သတ်မှတ်နေရာတွင် ၂ ပေ အမြင့်ရှိ ခရေပင်အား စတင်စိုက်ပျိုးပေး၍ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက သတ်မှတ် နေရာအသီးသီးတွင် အတူတကွ စိုက်ပျိုးကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖွဲ့သည် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း အင်အား ၆၀၀ ဦးခန့်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ယနေ့ အခမ်းအနားတွင် ခရေ၊ မယ်ဇယ်၊  တမာ၊ သရက်နှင့် ပန်းအလှပင် စသည့် သစ်မျိုး (၅)မျိုး၊ စုစုပေါင်း အပင်အရေ အတွက် (၇၂၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)