ပလောက်မြို့၊အထက ကျောင်းပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့၊အထက ကျောင်းပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

 



ပလောက်  ၊ ဇူလိုင် ၁၈


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပလောက်မြို့ ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ပလောက်မြို့၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝရထံမှ ငါးပါးသီလခံယူခဲ့ကြသည်။

ထို့နောက်  ပညာရေးမိသားစုများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုရားကြီးကျောင်းတိုက်ဆရာတော်က ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံလှူဒါန်းခဲ့ကြကြောင်း သိရသည်။


ပလောက် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)