ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အဓမ္မဝါဒီတွေ မုချမသွေ ကျဆုံးပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အဓမ္မဝါဒီတွေ မုချမသွေ ကျဆုံးပါစေ






ဒီရက်ပိုင်းအတွင်း နောင်ချိုဒေသတဝိုက် အကြမ်းဖက်နှိမ်နင်းရေး အောင်မြင်မှု မြင်ကွင်းပုံရိပ်တွေဟာ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ရာ၊ ပြည်ဖျက်မိစ္ဆာတွေအတွက်တော့ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်နေမှာ အမှန်ပါပဲ။

တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဆရာတစ်ယောက်က ဓမ္မနဲ့ အဓမ္မ ဆိုတာကို ခွဲခြားပြဆိုရေးသားဖော်ပြပေးခဲ့တာကို အမှတ်ရမိတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ပြည်သူများကြားမှာလည်း ဓမ္မ၊ အဓမ္မဆိုတာက လေးလေးနက်နက် မသိကြပေမယ့် လူပြောများတဲ့ စကားလုံးပါ။ ဆရာက အရှင်းဆုံးပုံဖော် ရေးသားပြဆိုထားတာက ဗုဒ္ဓဘာသာဝင်တွေအတွက် ဓမ္မ ဆိုတာက ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်များကို ဆိုလိုခြင်းဖြစ်တယ်။ ဗုဒ္ဓဟောကြားထားခြင်းမရှိဘဲ ဗုဒ္ဓက ဟောကြားခဲ့လေသယောင် ဖန်တီးပြောဆို၊ ရေးသား၊ ဟောပြောရင် အဓမ္မလို့ သတ်မှတ်တယ်။ တချို့က ဗုဒ္ဓတရားတော်တွေနဲ့ ရောထွေးပြီး မိမိအယူအဆတွေကို ရောပြွန်း ဟောပြောခြင်းကြောင့် အမှားတွေ ပါလာတယ်။ အမှားတွေ များလာတော့ ဓမ္မ၊ အဓမ္မခုံရုံးကို အတင်ခံရတယ်။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်မှာ ၈၈ ကျောင်းသားအိုကြီး မင်းကိုနိုင် က ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ စကားလုံးကို သုံးပြီး ဆူပူအုံကြွဖို့ လှုံ့ဆော်ရာကနေ အကြမ်းဖက်လှုပ်ရှားမှု ဖြစ်ပေါ်လာအောင်အထိ လှုံ့ဆော်ခဲ့တယ်။ အမှန်တော့ သူကိုယ်တိုင်က ဓမ္မနဲ့ အဓမ္မကို မကွဲပြားတဲ့သူ။ အများကြိုက် ဖန်တီးပြောဆိုပြီး ဆူပူအုံကြွလှုပ်ရှားမှုကို ဓမ္မလို့ လိုရာစွဲပြီး ဖန်တီးပြောဆိုခြင်းမျိုးသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဟောကြားချက်များ သံဃာယနာ (၆)တန်တင်ထားတဲ့ ပိဋကတ်တော်များဟာ ဓမ္မဖြစ်သလို နိုင်ငံရေးမှာလည်း ဥပဒေနဲ့အညီ ရပ်တည်ဆောင်ရွက်တဲ့ သူများဟာ ဓမ္မဘက်တော်သားများ ဖြစ်ပြီး ဥပဒေမဲ့ လုပ်ရပ်များ ကျူးလွန်နေခြင်းဟာ အဓမ္မဖြစ်တယ်လို့ ဆရာက နှိုင်းယှဉ်သုံးသပ်ပြခဲ့ပါတယ်။ တိုင်းပြည်မှာ ကိစ္စရပ်တိုင်းအတွက် ဥပဒေပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဥပဒေကို လေးစားလိုက်နာဆောင်ရွက်မှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းမယ်။ ဖွံ့ဖြိုးတိုးတက်မယ်လို့ သုံးသပ်ရေးသား တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေကတော့ သူတို့ကို ထောက်ခံအားပေးတဲ့ ပြည်သူတွေကို မှန်ကန်တဲ့ အသိတရားရဖို့ မှန်ကန်စွာ ဟောပြောစည်းရုံးခြင်းမျိုး မဟုတ်ဘဲ မှားယွင်းတဲ့ အတွေးအခေါ်တွေ ရိုက်သွင်းပြီး လမ်းမှားကို ရောက်အောင် တွန်းပို့သွားခဲ့ကြတယ်။ ဆူပူအုံကြွ၊ အကြမ်းဖက်လှုပ်ရှားကို ဓမ္မဘက်တော်သားများလို့ တင်စားပြီး လှုံ့ဆော်တဲ့ ၈၈ ကျောင်းသားအိုကြီး မင်းကိုနိုင်ကတော့ သူပြောတဲ့ ဓမ္မဘက်တော်သားတွေနဲ့အတူ ရပ်တည်ခြင်းမျိုး မဟုတ်ဘဲ ကျည်လွတ်မြေ အမေရိကန်ကို အစောဆုံး ထွက်ပြေးသွားခဲ့တယ်။ 

မင်းကိုနိုင်အပါအဝင် အကြမ်းဖက်လှုံ့ဆော်သူတွေ ဖြစ်တဲ့ ဇော်ဝေဇိုး၊ ဇင်မာအောင်၊ အောင်ကြည်ညွန့်၊ နေဘုန်းလတ်၊ လွင်ကိုလတ်၊ တင်ထူးနိုင် အစရှိသော နိုင်ငံရေးလှုံ့ဆော်သူများ သူတို့နဲ့ တသားတည်းရှိပါတယ်ဆိုတဲ့ အနုပညာရှင်အမည်ခံ အကြမ်းဖက်လှုံ့ဆော်သူ လင်းလင်း၊ ချစ်သုဝေ၊ မင်းမော်ကွန်း၊ ဖြူဖြူကျော်သိန်း၊ အာဇာနည် အစရှိသော ပုဂ္ဂိုလ်များ အလျှိုလျှို ပြည်ပကို ထွက်ပြေးသွားသည့်တိုင်အောင်လည်း နီပိန်းများမှာ သူတို့ ဘာကြောင့်ပြေးသလဲ၊ ငါတို့ကို အကြမ်းဖက်အဖွဲ့တွေထဲ ဘာကြောင့်တွန်းပို့ခဲ့သလဲ ဆိုတဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိပါဘူး။ ပြည်ပြေး ဝရမ်းပြေးတွေက ပြည်ပမှာ အလှူခံ၊ ရတဲ့ငွေနဲ့ လူသတ်ခိုင်းတဲ့ အလုပ်ကို နီပိန်းတွေ က အကြမ်းဖက်သမားများအဖြစ်နဲ့ ပျော်ပျော်ကြီး လုပ်ခဲ့ကြတယ်။

နီပိန်းတွေ မိုက်လုံးထွားလာသည်နှင့်အမျှ တိုင်းပြည်တွင်းမှာ မြင်ရက်စရာမရှိတဲ့ အနိဋ္ဌာရုံတွေ နိုင်ငံအလနှံ့ ဖြစ်ပေါ်ခဲ့တယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ နိုင်ငံရေးမှိုင်း က ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲဆိုရင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေပါလို့ ကြွေးကြော်နေတဲ့ နီပိန်းတွေမှာ ဒီမိုကရေစီစံနှုန်းများထဲက သာတူညီမျှ ရှိစေရမည်၊ နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည်၊ ရိုးသားပွင့်လင်းမှု နှင့် ထင်သာမြင်သာမှု ရှိစေရမည်၊ အာဏာ အလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည်၊ လူ့အခွင့်အရေး ထိန်းသိမ်းရမည်၊ ဥပဒေကို လေးစားလိုက်နာကြရမည် ဆိုတဲ့ အချက်တွေကို ဘာတစ်ခုမှ အလေးမထားတော့ဘဲ ငါနဲ့မတူ ငါ့ရန်သူလို့ သတ်မှတ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို ရက်စက်စွာ သတ်ခဲ့ကြတယ်။ နီပိန်းတွေ ဖွဲ့စည်းထားတဲ့ PDF အကြမ်းဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ စာရင်းဟာ စာရင်းအရှိ (၉၀၀၀)ကျော်သွားပြီ။ စာရင်းမှာ မပါဝင်တဲ့ သတ်ဖြတ်ခံရမှုတွေလည်း ရှိနေမှာ အသေအချာပါပဲ။

KNU, KIA နဲ့ နီပိန်း အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေဟာ အတော်လေး အားကောင်းလာတဲ့အချိန်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ အခြေပြုလှုပ်ရှားတဲ့ MNDAA, TNLA, AA အဖွဲ့တွေဟာလည်း ၁၀၂၇ စစ်ဆင်ရေးလို့ ကြေညာပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတယ်။ ဒီအဖွဲ့တွေကိုလည်း အစိုးရက အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့ကတော့ ဗုဒ္ဓဘာသာဝင် ပြည်သူလူထု တစ်ရပ်လုံးကို ပျက်ရယ်ပြု စော်ကားတဲ့ ဘာသာ သာသနာကို ရည်ရွယ်ချက်ရှိရှိ စော်ကားတဲ့ လုပ်ရပ်တွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ အောက်တန်းကျ ယုတ်မာရိုင်းစိုင်းမှုတွေကို ရဟန်းရှင်လူပြည်သူထု တစ်ရပ်လုံးက သည်းမခံနိုင်တော့ဘဲ အမြစ်ပြတ်နှိမ်နင်းပေးဖို့ တောင်းဆိုမှုတွေ နိုင်ငံအနှံ့ ဖြစ်ပေါ်လာခဲ့ပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့က လားရှိုးမြို့အထိ သိမ်းပိုက်၊ TNLA အကြမ်းဖက်အဖွဲ့က ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တို့ကို သိမ်းပိုက်၊ AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်ထဲမှာ စစ်မျက်နှာဖွင့်လာနိုင်တဲ့ အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။

MNDAA, TNLA, AA အစရှိတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့အတူ အညာသား နီပိန်းတွေ ဖွဲ့စည်းထားတဲ့ PDF တွေက အသေခံစစ်သားများအဖြစ် ပါဝင်တိုက်ခိုက်ပေးခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရတယ်။ အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တပ်စခန်းတွေ ဆုံးရှုံးရ၊ လက်နက်ခဲယမ်းတွေ ဆုံးရှုံးရ၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ စစ်ဘေး စစ်ဒဏ်ကြောင့် အတိဒုက္ခတွေရောက်ရ၊ အနယ်နယ်အရပ်ရပ်မှာ အနိဋ္ဌာရုံတွေချည်းပါပဲ။

မြောက်ပိုင်း မဟာမိတ် (၃)ဖွဲ့ထဲက MNDAA ကိုတော့ လားရှိုးကနေ ပြန်ဆုတ်ဖို့ တပ်မတော်က ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ TNLA, AA အကြမ်းဖက်အဖွဲ့တွေကတော့ သူတို့ ခြေကုပ်ယူထားတဲ့နေရာကို သူတို့အပိုင်လို့ပဲ တွက်ဆထားပုံရပါတယ်။ ပြန်လည်ဆုတ်ခွါတာမျိုး မရှိသလို၊ တပ်မတော်က အပစ်အခတ်ရပ်စဲထားစဉ်မှာလည်း အခွင့်ကောင်းယူပြီး တိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေဟာလည်း သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ရပ်တွေပါပဲ။ AA အကြမ်းဖက်သမားတွေဟာ လူမျိုးရေးပဋိပက္ခဖန်တီးပြီး မွေးကင်းစအရွယ် ကလေးငယ်ပါမကျန် ရက်စက်စွာ သတ်ခဲ့ကြတဲ့ လုပ်ရပ်တွေဟာ သမိုင်းမှတ်တမ်းထဲက ဘယ်တော့မှ ပျောက်ပျက်သွားမယ့် အရာတွေ မဟုတ်ပါဘူး။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်နေ့က စပြီး မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်မှုတွေဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလလောက်အထိကို အားကောင်းမောင်းသန် ဖြစ်နေဆဲပဲ။ ၂၀၂၅ နှစ်ဆန်းပိုင်းမှာပဲ ရွေးကောက်ပွဲဆိုတဲ့ အသံထွက်လာတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှ ရမယ်။ နိုင်ငံရေးသမားတွေအပိုင်းကလည်း တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိလာတယ်။ ၂၀၂၅ ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအသံက ပိုပြီးကျယ်လောင်လာခဲ့တယ်။ 

ရွေးကောက်ပွဲအသံကျယ်လောင်လာသည်နှင့် တပြိုင်နက် အကြမ်းဖက်နှိမ်နင်းရေးကလည်း ပိုမိုအားကောင်းလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချို၊ ကျောက်မဲ အကြမ်းဖက်နှိမ်နင်းရေး၊ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသ အကြမ်းဖက်နှိမ်နင်းရေး၊ ရှမ်းနဲ့ ကယား အစပ် KNPP, KNDF, PDF အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ချက်တွေက ပိုမိုထိရောက် ပြင်းထန်လာခဲ့ပါတယ်။

နောင်ချိုဒေသကိုပဲ အထူးပြုပြီး ပြောရရင်တော့ တောင်ခမ်းဒေသကနေစပြီး အကြမ်းဖက်စခန်းများကို ရှင်းလင်းလာလိုက်တာ ယခုဆိုရင် တပ်မတော်စစ်ကြောင်းများဟာ နောင်ချိုမြို့အနီးဝန်းကျင်က အကြမ်းဖက်စခန်းကိုတွေကို ရှင်းထုတ်နိုင်တဲ့ အခြေအနေမျိုး၊ နောင်ချိုမြို့တွင်းကို ဝင်ရောက်လာနိုင်တဲ့ အခြေအနေအထိ မြင်တွေ့လာရပါပြီ။

စာရေးသူအနေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ရဟန်းရှင်လူပြည်သူများ အတိဒုက္ခရောက်နေရတဲ့ အခြေအနေကို မြင်တွေ့ရတိုင်း စစ်ရေးဆိုင်ရာ စီမံခန့်ခွဲသူတွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် သံသယဖြစ်မိပါတယ်။ တပ်မတော်အနေနဲ့ ဘယ်အကြမ်းဖက်အဖွဲ့ကိုမဆို နှိမ်နင်းဆောင်ရွက်နိုင်တဲ့ အင်အားရှိပါလျက် နှိမ်နင်းဆောင်ရွက်ခြင်း မပြုတဲ့အပေါ်မှာ ရိုးသားမှုကိုတောင် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ သို့သော်လည်း တပ်မတော် ကျရှုံးလို့ မဖြစ်ဘူး။ တပ်မတော် ကျရှုံးရင် တိုင်းပြည်ပျက်ပြီပေါ့။ ဒါကြောင့်ပဲ တပ်မတော်သားများကို ယုံကြည်အားကိုးတဲ့ စိတ်နဲ့ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ဆိုတဲ့ စကားနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်း တပ်မတော်သားများ၊ တပ်မတော်ကို ချစ်မြတ်နိုးသူများအတွက် ခွန်အားပေးခဲ့ပါတယ်။

နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်စခန်းများကို အောင်မြင်စွာ ခြေမှုန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများကို ပြန်ကြည့်ရင် TNLA/PDF အလောင်းတွေ ထပ်နေပြီ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ်မှာ ရက်စက်ယုတ်မာခဲ့တဲ့ ပြည်ဖျက်မိစ္ဆာတွေအတွက် တူသောအကျိုးပေးကို ခံစားရခြင်းပဲ ဖြစ်ပါတယ်။ ဗန်းမော်မှာလည်း ထိုနည်းတူစွာ KIA, PDF အကြမ်းဖက်သမားတွေ အလောင်းတွေ ထပ်နေတာပါပဲ။ နီပိန်းတွေကို သေတွင်းထဲ တွန်းပို့ခဲ့တဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေကတော့ နီပိန်း PDF တွေ တိုက်ပွဲအတွင်းမှာ ခွေးသေ၊ ဝက်သေ သေနေတာတွေကို ဟိုက်လိုက်လုပ်မပြပါဘူး။ နီပိန်း PDF တွေက တိုက်ခိုက်လို့ အပြစ်မဲ့ ပြည်သူတွေ သေရရင် ဒလန်မို့လို့ သတ်တယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးရင် နည်းနည်းဆို များများ လုပ်ကြံပြီး ဖော်ပြတယ်။ နီပိန်း PDF တွေ သေရင် ဘာကြောင့် ဟိုက်လိုက်လုပ်ပြီး မဖော်ပြသလဲလို့ မေးရင် နောက်ထပ်၊ နောက်ထပ် လူငယ်တွေကို PDF ထဲ ခေါ်လို့ မရတော့မှာစိုးရိမ်တဲ့အတွက် တိုက်ပွဲတိုင်းမှာ နီပိန်း PDF တွေကပဲ အောင်ပွဲခံနေသယောင် လုပ်ကြံဖန်တီး ဖော်ပြခြင်းပါပဲ။

ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ KNLA အဖွဲ့နဲ့အတူ တိုက်ခိုက်ရင်း PDF မသာတွေမှာ အလောင်းကောက်ပြီး မြှုပ်ပေးမယ့်သူတောင် မရှိဘဲ ခွေးစာကျွေးခံရတဲ့ အခြေအနေ၊ MNDAA အကြမ်းဖက်အဖွဲ့နဲ့အတူ အသေခံစစ်သားအဖြစ် အသုံးချခံရပြီး စစ်ကိုင်းတိုင်းထဲ ပြန်ပြေးလာတဲ့ မောင်ဆောင်းခ တို့ရဲ့ အခြေအနေတွေကို ပြန်ကြည့်ရင် သိသာပါတယ်။ KIA ကလည်း ဗန်းမော်တိုက်ပွဲမှာ အသေခံ တပ်သားလိုတိုင်း စစ်ကိုင်းထဲက PDF တွေကို လိုသလို လာခေါ်ပြီး အသေခံစစ်သားအဖြစ် အသုံးချနေတာပါပဲ။ PDF ထဲ ရောက်သွားတဲ့ နီပိန်းတစ်ကောင်ရဲ့ အသက်ဟာ သိန်း(၅၀)၊ သိန်း(၆၀) တန် သေနက်တစ်လက် တန်ဖိုးလောက်ပဲ ရှိပါတယ်။ KIA, MNDAA တို့ဆီကနေ လက်နက်လိုချင်လို့ စစ်ကိုင်းထဲက PDF တွေက ရှမ်းမြောက်မှာ MNDAA အတွက် တိုက်ပွဲဝင်ပေးခဲ့ကြတယ်။ KIA ကတော့ အကြမ်းဖက်လှုပ်ရှားမှု အစကတည်းက အကြမ်းဖက်သင်တန်းပေး၊ လက်နက်ပါ တပ်ဆင်ပေးပြီး သေပွဲဝင်ခိုင်းခဲ့တာဆိုတော့ နီပိန်းတွေရဲ့ ခေါင်းကိုင်ဖခင် လို့တောင် ပြောနိုင်ပါတယ်။

နီပိန်းတွေဟာ KNU, KIA အဖွဲ့များထံမှာ အကြမ်းဖက်သင်တန်းတက်ပြီးနောက် အလွန်အမင်း ရက်စက်ယုတ်မာခဲ့ကြတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ပြီး ဂုဏ်ဆာခဲ့ကြတယ်။

အခုတော့ အကြမ်းဖက်နှိမ်နင်းရေးက ထိရောက် ပြတ်သားတဲ့ အခြေအနေကို ရောက်လာပြီဖြစ်လို့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ဂုဏ်မဆာနိုင်တော့ပါဘူး။

ဆက်လက်ပြီးတော့လည်း တပ်မတော်အနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးမှာ လျော့တိလျော့ရဲ မဟုတ်ဘဲ စစ်ရေးဆိုင်ရာ စီမံသူတွေက လိုအပ်သည့်အချိန်မှာ လိုအပ်သည့်အလျှောက် စစ်မြေပြင်မှာ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေကြသူတွေကို ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးသွားမယ်ဆိုရင် တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ဖြစ်မှာ အသေအချာပါပဲ။

ပြည်ဖျက်မိစ္ဆာများ မြန်မာ့မြေပေါ်မှာ ခြေချခွင့် မရှိစေရ၊ ပြည်ပသြဇာခံ အဖျက်သမားများ မြန်မာ့မြေပေါ်မှ ပပျောက်အောင် ဆောင်ရွက်ကြ။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အဓမ္မဝါဒီတွေ မုချမသွေ ကျဆုံးရမည်။ မြန်မာပြည်ကြီး ငြိမ်းချမ်းရမည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)