တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ကောင်းရာကောင်းကျိုးအတွက် လေးစားအတုယူဖွယ် စွမ်းဆောင်နိုင်လွန်းသူ (အပိုင်း - ၃) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ကောင်းရာကောင်းကျိုးအတွက် လေးစားအတုယူဖွယ် စွမ်းဆောင်နိုင်လွန်းသူ (အပိုင်း - ၃)











Minsk Tractor Works ထွန်စက် စက်ရုံနဲ့ Slutsk Cheese Factory နို့မှုန့်စက်ရုံတို့သို့ သွားရောက် ကြည့်ရှုလေ့လာ

ခရီးစဉ်တတိယရက်(ဇွန်လ ၂၇ ရက်နေ့) ဒေသစံတော်ချိန် မနက် ၉ နာရီမှာတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံသို့ သွားရောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံး လယ်ယာမြေပြုပြင်ထွန်ယက်ရာမှာ အသုံးပြုသည့်ယာဉ်များ၊  စိုက်ပျိုးရာမှာ အသုံးပြုသည့်ယာဉ်များ၊ ပြုစုပျိုးထောင်ခြင်းနဲ့ သွင်းအားစုများထည့်သွင်းရာမှာ အသုံး ပြုသည့်ယာဉ်များ၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးကျရောက်မှုနဲ့ မီးငြှိမ်းသတ်မှုတို့မှာ အသုံးပြု သည့်ယာဉ်များ၊ စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ပို့ဆောင်ဖြန့်ချိရာမှာ အသုံးပြု သည့်ယာဉ်များအပါအဝင် ယာဉ်ယန္တရားများနဲ့ ထွန်စက်များ တပ်ဆင်ထုတ်လုပ်နေမှုအဆင့်ဆင့်တို့ ကိုလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ အဲဒီနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Efimov A.V. နဲ့ အဖွဲ့ဝင်များကို စက်ရုံအစည်းအဝေးခန်းမမှာ တွေ့ဆုံပြီး ဘယ်လာရုစ် သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီးဌာနအောက်ရှိ အကြီးစားစက်မှုပစ္စည်းထုတ်စက်ရုံ၊ အလုပ်ရုံများမှ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများ၊ ယာဉ်ယန္တရားများထုတ်လုပ်လျက်ရှိမှုနဲ့ ပြည်တွင်း၊ ပြည်ပ သို့ တင်ပို့ရောင်းချရလျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံရဲ့ စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများ၊ ယာဉ်ယန္တရားများ ထုတ်လုပ်ရေးမှာ နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

ဆက်လက်ပြီး နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မင့်စ်မြို့မှ ကီလိုမီတာ ၁၀၀ ကျော်ဝေးကွာသည့် Slutsk Cheese Factory နို့မှုန့်စက်ရုံသို့ သွားရောက်ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ အဲဒီနောက် စက်ရုံအစည်းအဝေးခန်းမမှာ တာဝန်ရှိသူများ နဲ့တွေ့ဆုံကာ နိုင်ငံနဲ့ပြည်သူတွေအတွက်အကျိုးရှိမယ့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko နဲ့ တွေ့ဆုံ ဆွေးနွေး

နေ့လယ်ပိုင်းမှာတော့ မင့်စ်မြို့ရှိ  သမ္မတနန်းတော်သို့သွားရောက်ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ   H.E. Mr. Alexander Gregoryevich Lukashenko နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ နိုင်ငံတော်အကြီးအကဲဟာ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025) သို့ တက်ရောက်လာကြတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၊ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၊ ကာဇက်စတန်နိုင်ငံသမ္မတ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊  ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတ အပါအဝင် တခြားဖိတ်ကြားထားတဲ့ မွန်ဂိုလီးယားနိုင်ငံ အစိုးရအဖွဲ့အကြီးအကဲ ကိုယ်စားလှယ်များနဲ့အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြပါတယ်။ 

မအားမလပ်တဲ့ကြားက ပညာတော်သင်ကျောင်းသားများအား တွေ့ဆုံဩဝါဒစကားပြောကြား

အဲဒီနောက်မှာတော့ တိုင်းရေးပြည်ရေးအတွက် ဆွေးနွေးမှုတွေနဲ့ မအားမလပ်တဲ့ကြားက ညနေပိုင်းမှာ ဘယ်လာရုစ်သမ္မတနိုင်ငံမှာ ပညာတော်သင်ရောက်ရှိနေတဲ့ ပညာတော်သင်ကျောင်းသား များကို မိဘသဖွယ် တကူးတကအချိန်ပေးတွေ့ဆုံကာ လက်ဆောင်ပစ္စည်းတွေပေးခဲ့သလို အခက် အခဲမှန်သမျှ ဖြေရှင်းပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် ရေခြားမြေခြားရောက်နေပေမယ့် ရနိုင်သမျှ အချိန်လေးအတွင်းမှာပင် အပင်ပန်းခံပြီး တပည့်သားသမီးတွေကို ရင်ဝယ်သားသမီးပမာ ကြည့်ရှု စောင့်ရှောက်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ လေးစာဖွယ်ရာ မိဘသဖွယ်စိတ်ထားကောင်းကို အထင်းသားမြင်တွေ့ခွင့် ရခဲ့ပြန်ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ခရီးစဉ်တတိယနေ့မှာလည်း နောက်ရက်လုပ်ဆောင်ရမယ့် အစီအစဉ်လုပ်ငန်းဆောင်တာတွေနဲ့ နိုင်ငံအတွင်းက လုပ်ငန်းဆောင် တာတင်ပြချက်တွေကို စီမံညွှန်ကြားလုပ်ဆောင်ရင်း အနားယူရတဲ့ချိန်ဟာ ညဉ့်နက်ခဲ့ရပြန်ပါတယ်။


အပိုင်း(၄) အားဆက်လက်ဖော်ပြပါမည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)