မင်းဘူး(စကု)မြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ဧရာဝတီမြစ်ရေများ စတင်ဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူး(စကု)မြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ဧရာဝတီမြစ်ရေများ စတင်ဝင်ရောက်





မင်းဘူး  ၊ ဇူလိုင် ၁၄


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေသဖြင့် ဧရာဝတီမြစ်ရေများ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် မြစ်ရေများစတင် ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

“ကျွန်မတို့ မင်းဘူး(စကု)မြို့နယ်၌ မိုးတွင်းကာလများမှာ ရေဘေး၊ လေဘေး၊ မြေပြိုသည့် ဘေးအန္တရာယ်များဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင် မုတ်သုန်မိုးနှင့် မုန်တိုင်းမိုးများကြောင့် ဧရာဝတီမြစ်ရေများ မြင့်တက်ကာ မင်းဘူးမြို့ အမှတ်(၃) ကမ်းနားရပ်ကွက်များ၊ ငွေသောင်ကျေးရွာနှင့် ထုံးမကြီးကျေးရွာများတွင် မြစ်ရေများစတင်ဝင်ရောက်‌နေပါတယ်။ မြစ်ရေသတိပေးချက်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လက သတိပေးနှိုးဆော်ခဲ့ပြီးဖြစ်သလို ယခုအချိန်တွင်လည်း မင်းဘူးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး၊ ယနေ့ဇူလိုင် ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ တိုင်းထွာချက်များအရ ၁၅၃၂ စင်တီမီတာ၊ နောက် ၂၄ နာရီတွင် ၁၅၅၆ စင်တီမီတာသို့ ရောက်ရှိမည်ဖြစ်၍ ကျွန်မတို့ဌာနအနေနဲ့ ဆောင်ရန်ရှောင်ရန်နှင့် ကြိုတင်သတိပေးချက်များကို ပြည်သူများသတိပြု လိုက်နာဆောင်ရွက်နိုင်စေရန် မြစ်ရေများ ဝင်ရောက်နိုင်တဲ့ မြေနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်နဲ့ကျေးရွာများကို အချိန်နှင့်တပြေးညီ နှိုးဆော်ဆောင်ရွက်သွားမှာပါ” ဟု မင်းဘူးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းစုအောင်က ပြောသည်။


ဇေယျာနိုင်(ရွှေကန်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)