ပေါင်၊ ဇူလိုင် ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ (၂)နာရီက ကန်ဖြူကျေးရွာကျေးလက်ဘက်စုံသုံးခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ သထုံခရိုင် အသေးစားစက်မှုလက်မှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှနှင့် ဝန်ထမ်းများ၊ ပေါင်မြို့နယ် ဌာနဆိုင်ရာများ ၊သဲဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးဦးဝင်းဇော်နှင့် သင်တန်းသူများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင် က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင် အသေးစားစက်မှုလက်မှု ဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်အသေးစား စက်မှုလက်မှု ဦးစီးဌာန မှလက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က သင်ထောက်ကူပစ္စည်းများကို သင်တန်းသူတစ်ဦးထံပေးအပ်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းကို သင်တန်းဆရာ (၂)ဦးက သင်တန်းသား ( ၁၀ )ဦးတို့ဖြင့် ( ၇ )ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment